တစ်ဆတ် ဆတ်တုန်ယင်နေသော နာဂ ရဲ့ လက်တွေ။
အကြောစိမ်းကြီးများထောင်ထ လာကာ သူ့ရဲ့လက်ကို ဆွဲဆုပ် ထား ပုံမှာ ကြောက်လန့်ဖွယ် ပင်ကောင်းလှပေချိမ့်။
အသက်ရှူသံ တွေပြင်းထန်လွန်းလှသောကြောင့် သူ့နန်းဆောင် မှ အစောင့်များပင် ထိတ်လန့်စွာကြည့် နေကြပါသည်။
မျက်လုံး အိမ်တစ်ဝိုက် တွင် နီရဲကာ စူးရှတောက် လောင် နေသော နာကျင်ဒေါသ ထွက် ခြင်း သင်္ကေတ တွေက အပြည့်အနှက် နှင့် ။
အရှေ့ဆီမှ မြေကြီး တုန် မတက် ထွက်ပေါ် လာသော နာဂန္တ ရဲ့ စစ်ဦးတစ်နေရာကို နာဂရဲ့ မျက်ဝန်းတွေက အကြည့်မလွှဲနိုင်။"သတ်စားခဲ့တာ....
ဘိုးတော်ကိုယ်တိုင်မီးမြှိုက် ခဲ့တာ" ဆိုသော ကြောက်မက်ဖွယ်ရာ စကားသံတွေက သူ့ကို ဘယ်လိုမှ နားမလည် နိုင်ဖြစ်စေသည်။
သတ္တရ စိတ်ပူလွန်းလှသည် ဖြစ်တာကြောင့် နာဂအား ဖေးမ ကာ အိပ်ခန်းဆောင်ထဲကို တွဲခေါ်လာခဲ့ရင်း သလင်းကျောက်ခုံပေါ်တွင် ထိုင်စေလိုက်ပါ၏။
အခု အချိန် အထိ တည်ငြိမ်ပုံမရသေးသော နာဂက တုန်တုန်ရင်ရင်ပင် ငြိမ်သက်လို့နေသည်။
မျက်လုံးသူငယ်အိမ်တို့မှာ မလှုပ် ရှား။
ကျောက်ရုပ်ကြီ တစ်ရုပ် ထိုင်နေသလို ပင် တုတ်တုတ် မှ မလှုပ်နိုင်သေး။ကျောက်ကရားအိုးထဲ မှ ရေနွေး ပူပူအား ခွက်အတွင်းသို့သာ ထည့်ပေးလိုက်ရင်း နာဂရဲ့ လက်တွေအား နွေးထွေးစေကာ....
"နာဂ... ကျွန်ုပ်ကို ပြောပြပါ... စိတ်ကို အတည်ငြိမ်ဆုံးထားပြီးတော့ ပြောပြပေးပါ.... ကျွန်ုပ် တော့ ဘာကိုမှနားမလည်နိုင်တော့ဘူးပဲ.... သတ်စားတယ်.... သတ်စားတယ် တဲ့လား... "
နာဂ သူ့ကို မကြည့်နေပါ။
တုန်ယင်ကာ ထိတ်လန့် နာကြည်း နေသေးပုံနှင့်သာ ကြမ်းပြင်၏ တစ်နေရာကို စိုက်ကြည့်ရင်းစကားတွေက ထွက်ကျလာတော့၏။
"ကျွန်ုပ် ကျွန်ုပ် ငယ် စဥ် ငယ်စဥ် အချိန်ကတည်းက ဖခမည်းတော် ရယ် မယ် တော် ရယ် ကျွန်ုပ် ရယ် ညီတော် ဂါတ္တရ ရာဇေ ရယ် အတူတူ နေခဲ့ကြတယ်.... "တုန်ယင် အေးစက် လှသော စကားတွေအဆုံးမှာ ကြာ ညို အိုးထဲမှ အငွေ့အသက် တွေနှင့်အတူ နာဂန္တ ဆီ မှ ပျော်ရွှင် ချမ်းမွေ့ဖွယ်ကောင်းသော နန်းမိသားစုလေးတစ်ခုအားမြင်လိုက်ရသည်။
ချစ်စဖွယ်ကောင်းသော ကလေး ငယ် နှစ်ယောက်နှင့် အတူ ပျော်ရွှင်စွာ ဆော့ကစားနေမည့် မိဘ တို့ရဲ့ပုံရိပ်တွေ။
နွေးထွေးစွာ တောက်ပခဲ့ကြမည် ဖြစ်ပါသော သူတို့ ရဲ့ အပြုံးတွေ ကို လှမ်းမြင်လိုက်ရပါသည်။
နာဂက မျက်ရည် တို့ ဖြင့်ပြည့်လျှံလို့နေသော မျက်လုံးအစုံကိုမှိတ်ရင်း တစ်ခွန်းခြင်းဆက်၍ပြော၏။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...