ဘယ်နေရာကမှန်းမသိ ထွက်လာပါသော စည်တော်သံ တစ်ဒုန်းဒုန်းက တစ်ဖြည်းဖြည်းနှင့် တိုးရာမှကျယ်လောင်လာသည်။
ဝေးရာမှ နီးကပ် လာသည်။
နားစည် အတွင်းကို ပဲ့တင် ထပ်ကာ ရိုက်ခတ်လျှက် မြည်ဟီးလို့ နေ၏။
စည်တော်သံသည် ဘာအကြောင်းကြောင့်မှန်းမသိပါပဲ အေးစက်၍ ကြောက်စရာ ကောင်းလှ၏။
ထိုစည်တော်သံတို့ကြားတွင်ပျော်ရွှင်စရာများ အလုံးစုံဆိတ်သုန်းသွားသလိုခံစားရသည်။" အ "
ဘယ်နေရာ ရောက်နေမှန်းမသိပါသော်လည်း မှောင်မဲနေသော အာရုံတို့ကြောင့် သူ့မျက်လုံးတွေ ပိတ်ထားဆဲ ဖြစ်ကြောင်းကို သတိထားမိပါသည်။
သတ္တရသည် ပူလွန်းမက ပူပူလာသော ပတ်ဝန်းကျင် အခြေအနေ ကြောင့် လည်းကောင်း၊
ကြား နေရသော စည်တော်သံတို့ကြောင့် လည်းကောင်း မျက်လုံးတို့ကို မရမက ဖွင့်ကြည့် ချင်မိသည်။
သို့ပါသော်လည်း သူ့ရဲ့ မျက်လုံးတွေသည် တစေးဖြင့် အပိတ်ခံစားရသလို စီးကပ် လို့ နေ၏။
နာလဲနာကျင် နေပါသည်။
ထိုစဉ်မှာပင် နားနား ဆီမှ ကပ်၍ အော်ဟစ်လိုက်သလို ကျယ်လောင်လှသော ဝမ်းခေါင်းသံကြီးကိုကြားလိုက်ရ၏။
တုန်ပင် တုန်သွားမိသည်။ နှဖူးပြင်ထက်ဆီမှလည်းချွေးစေးတွေစီးကျလာခဲ့ပါသည်။"သည်နှစ်တွေအတွင်းမှာ လောကကြီးကို ညစ်နွမ်းစေခဲ့သူ.....
သူတစ်ပါးတိုင်းပြည်ကို မတရားကျူးကျော်သိမ်းပိုက်ခဲ့တဲ့....
စစ်ဘုရင်" နာဂါနာဂန္တ နာဂရာဇေ" နာဂန္တ မျိုးနွယ် ဝင်အား နေကွယ်သည် နှင့်သတ်စေ!!!! ""သတ်!! "
"သတ်!!!! "
"နာဂရာဇေကိုသတ်!!!! "
"ဟေး ဟေး ဟေး!!!! "
"ဟင်! "
အခု ကြားလိုက်ရသောစကားတွေ တစ်ကယ်ပါပဲလား။
နာဂ ၊ နာဂကို ကွက်မျက် ကြတော့ မည်တဲ့။
မျက်ဝန်းတို့ပိတ်ထားလျှက်မှပင် ဘေးပတ်ပတ်လည်ကို အလန့်တကြားလိုက်စမ်း နေမိရင်း ရှာဖွေနေမိပါတော့သည်။မေတ္တာသက်ဝင်ရသူ၊
ချစ်ခင် မြတ်နိုးရသူကို ကွက်မျက်ကြတော့မည်။
ရင်တွေပူလာသည်။ အာခေါင်တွေအက်ကွဲလာရသည်။ နာဂကို လိုက်စမ်းနေပါသော်လည်း မှိတ်ထားရသော မျက်လုံးများကြောင့် ဘယ်မှာရှိနေသလဲဆိုတာကိုမတွေ့ရ။
အလွန်အမင်း စိတ်ပူနေသောကြောင့် သူ တစ်ကိုယ်လုံးတုန်ယင်လာရသည်။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Ficción históricaဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...