ခမ်းနားတောက်ပြောင် လှပလှသော ရွှေအိုရောင် ကနုတ်ပန်းတို့ဖြင့် အဆောင် တစ်ခု ရဲ့ အတွင်းမှ မီးရောင်မှိန်မှိန်က အပြင်ဘက် ရှိသလင်းကျောက်ပြားတွေအပေါ်သို့ ထင်ဟပ်လို့နေ၏။
သို့ပေမဲ့ဒီ နေ့ မီးရောင်မှာတစ်မျိုးပါပင်။
ဟိုးအရင် ရက် တွေ ကရှိခဲ့သော မီးရောင်မှာအပြင်က အဖြူရောင်သလင်းကျောက် တွေကိုတောင် ရောင်ပြန်ဟပ် စေနိုင်သည့် ထိန်လင်းသောအရောင်ရှိသည်။
အေးချမ်း သော အရောင်ရှိပါသည်။ဒီနေ့ကတော့ ထိုကဲ့သို့မတူ။
မှုန်ပြသော မီးရောင် နှင့် စိုးရိမ် တောက်လောင် နေသော အသက်ရှူသံတွေက ထို အခန်းအတွင်းမှ လျှံကာ ထွက်နေ၏။လမင်းရဲ့အလင်းရောင် မှာလဲ မထွန်းတောက်စေနိုင်အား။
အပူတွေကိုမလျော့ကျ စေနိုင်အား။ဟုတ်ပေသည်။
သည်အခန်းအတွင်းမှလူများ အလွန်တစ်ရာကိုစိတ်ပူနေသည်။
အထူးသဖြင့် သူတို့ထဲမှ နာဂရာဇေသည် ဂနာတောင်မငြိမ်အောင်ပင် အလွန်တစ်ရာကို စိတ်ပူနေပါသည်။စိတ်လှုပ်ရှားနေသည်။
အခု သူ့ရဲ့ အရှေ့ မှာ လှဲလျှောင်းကာ ဝေဒနာ ကိုအပြည့် အဝ ခံစားနေရသူ မှာ သူ့ကိုချစ်ခြင်းမေတ္တာ နှလုံးသားဆိုတာကို သင်ပေးခဲ့သူ။ကမ္ဘာ လောကကြီးပေါ်မှာ နာဂရာဇေ အတွက် နှစ်ယောက် မရှိနိုင်သူ။
ကြင်ဖော် လက်တွဲဖော် ဆိုတာကို သေဆုံးသည် အထိ မရှာတော့ဘူးဟု စဥ်းစား ထားသည့် သူ့ရဲ့ မျိုးရိုး နာမည်ကို နှလုံးသားမှ
လိုလိုလားလားပေးအပ်မိသူ။"သတ္တရ ရာဇေ..... "
ကျော ပြင် ပေါ်က စိုက်ဝင် နေသည့် မြှား နှစ်စင်းကြောင့် သတိရတစ်ချက် မရတစ်ချက် တစ်အင်းအင်းညီးညူကာ နာကျင်လို့နေ၏။
ကြည့်ရင်းနှင့်ပင် သူ့ရဲ့ဘယ်ဘက် မျက်ဝန်း ဆီမှ မျက် ရည် တို့က တစ်လိမ့်လိမ့်နှင့်ကျဆင်းလို့လာကြသည်။ဖြစ်နိုင်မည် ဆိုလျှင်သူကိုယ်တိုင် ပင် ဖြစ်လိုက်ချင်ပါသည်။
အခုလို နာကျင် လိုက်ချင်မိပါသည်။"သတ္တရ!! သတ္တရ ကျွန်ုပ် ရှိတယ် .... သင့်ရဲ့ နှလုံးသည်းပွတ် နာဂရာဇေ ရှိပါတယ်" ဟု သာ ပါးစပ်မှ အဆတ် မပြတ် ရေရွတ်မိရင်း ဘာလုပ်ပေးရမှန်းပင် မသိနိုင်အောင် ဗျာ မြားလျှက်ရှိလို့နေ၏။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...