"ဟို အဲ့တာ ဘာ ရုပ် နေကြတာလဲ……"
ယာယီတဲဝ မှ အလင်းရောင် နှင့် အတူ ထွက်ပေါ်လာသော အသံ ကြောင့် သူမ ချက်ချင်း လဲနေရာမှ ကုံးရုံး ထလိုက်၏။
ကိုယ်တိုင်မွေးထားသော သားသမီး ၏ ရှေ့တွင် တော့ နမင်းမဆ အနိုင်ကျင့်ခံရသည့်ပုံကိုမပြလို။
ထိုအရာ ကိုမှတ်သားထားပြီး နောက်နောင်ကြီးပြင်းလာသောအခါ
"ကျွန်ုပ်ရဲ့ ဖခမည်းတော်ကလဲ မယ်တော်ကို နေ့စဥ် ရိုက်တာပဲ ဒုက္ခပေးတာပဲ။
ကျွန်ုပ် လဲ ကိုယ့်မိန်းမကိုယ် လုပ်ချင်ရာလုပ်မယ်၊ ဘာပြဿနာ မှ မရှိဘူး" ဟူသော အတွေးကိုမဝင်စေလိုပါ။
မိန်းမ တွေကို လိင်ကိစ္စ နှင့် သားမွေး ပေးသည့် ပစ္စည်းတစ်ခုနှယ် သဘော ထားသော လူတစ်ယောက် မဖြစ်စေလိုပါ။
သူမ ချက်ချင်း မတ်တပ် ထရပ်ပြီး ထိုရွံမုန်းဖွယ် ယောင်္ကျားရုတ်ကို ကျောခိုင်းပြစ်လိုက်သည်။
မျက်ရည် တွေကိုသုတ်ရင်း အံကိုကြိတ်ကာ မုန်းယာ ကို မေးဆတ် ပြလိုက်၏။"ဘာကိစ္စလဲ မုန်းယာ…… ဒီမှာလူကြီးတွေ စကားပြောနေတာ သင်မသိဘူးလား…… ဘာလို့ဝင်လာတာလဲ…… "
"အော် သားတော် လေး က မယ်မယ့်ကိုလာခေါ်တာ ယေ……
ဖခမည်းတော် မယ်မယ့်ကိုခေါ်သွားလို့ရတယ် မို့ယား…… သားတော် လေး စားတော် တည်ချင် နေပြီ……ပြီးတော့ မယ်မယ်က စျေးကို လဲ လိုက်ပို့မယ်လို့ပြောထားတယ်…… "ချစ်စဖွယ် ပါးလေးဖောင်းကာ ပြောသော မုန်းယာ ကြောင့်နာရာဇ ခင်းယျန် သည် သူမ၏ ကိစ္စကိုမေ့လျော့သွားဟန် တူသည်။
ဒါမှမဟုတ်လဲ သားတော် ရှေ့မှာ ဖြစ်နေ၍ ကလေးဒဏ်ရာ မရစေချင်သောကြောင့်လဲ ဖြစ်လောက်မည်။
မည်သို့ပင် ဖြစ်စေ နာရာဇ ခင်းယျန် မှာသူ၏ ဒေါသ ကို တော့ တစ်ထစ်လျှော့ချလိုက် သည်မှာအမှန်ပင်ဖြစ်ပါသည်။
ချက်ချင်း မုန်းယာ၏ မျက်နှာဖောင်းဖောင်းလေးကို လက်ဖြင့်ဖွဖွပွတ်သပ်ရင်း အပြင်ကို သာလှမ်းထွက်သွား တော့၏။
သို့သော် တဲအဝ သို့အရောက် တွင်ပြောသော စကား ကတော့ သူမ အား ဆတ်ခနဲဖြစ်သွားစေသည် အထိ ခံပြင်းနာကျည်းရသော စကားလုံးတွေပါပင်။
သေမတတ် ဖြစ်စေသော စကားလုံးတွေဖြစ်တော့သည်။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historische Romaneဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...