"အ!!!"
ဖုန်း!!!!အေးစက်သောကြမ်း ပြင် နှင့် အတူ ခန္တာကိုယ် ပေါ်မှာ လူတစ်ကိုယ်လုံးရဲ့ အလေးချိန်ကြောင့် အခန်း ရဲ့အောက်ခြေ နှင့်ထိတွေ့မိတ်ဆတ်မှုမှာ နူးညံ့မျောမွေ့၍ မနေတာတော့သေချာပါသည်။
ဖုန်းကနဲ တစ်ချက် မြည်လိုက်ပြီးသည့်နောက်ဝယ် အောင့်တက်သွားသော ကျောပြင် ကို ဂရု မစိုက်နိုင်အား။
မလွတ်တမ်း ဆုပ်ကိုင်ကာထားသော နာဂ ရဲ့ တစ်ကိုယ်လုံးကိုသာ မနာကျင်စေရန်သတ္တရ ဂရု တစိုက် ပွေ့ဖက်၍ ထားမိ ပါသည်။ဒါတောင် မှ လေးညှို့ မှ ပြစ်လိုက်ပါသာ မြှား တံတစ်စင်းက နာဂရဲ့လက်မောင်းရင်းမှာ စိုက်ဝင် သွားသေး၏။
စိတ်ပူလွန်းတာကြောင့် ကုန်းထကာ ကြည့်မည် အပြု နာဂ က သူ့ပါးစပ်တို့ကို လက်ဖြင့်အုပ်ကာထားသည်။
ပြီးသည်နှင့်အလာတုန်းက သူလှည့်ဖွင့်ခဲ့ သောလျှို့ ဝှက်တံခါး ရဲ့ အပေါ်ကို ပိတ်စေရန် ကြေးပန်းအိုးလေးကို လှည့် ချလိုက်တော့၏။
မကြာလိုက်။
ကနုတ်ပန်း နံရံ မှာ ပုံမှန်အတိုင်းပြန်လည်၍ ပြားချပ် ၍ သွားခဲ့ပြီ။
ထို့အတူ တစ်ရွှီးရွှီး ပြစ်နေသည့် မြှား တံ တို့မှာလဲ ချုပ်ငြိမ်းကာသွားတော့၏။ထိုအခါမှ နာဂ မှာ သူ့ပါးစပ် တွင်ပိတ်ထားသော လက် တွေအား ညှင်သာစွာဖယ်ပေးပါသည်။
တုန်တုန်ယင်ယင်နှင့် သူ့တစ်ကိုယ်လုံးကို စိတ်ပူ စွာ သိမ်းကျုံး၍ ကြည့်လိုက်ရင်း၊"အရှင့်သား အဆင်ပြေ ရဲ့လား..... "
သတ္တရ ခေါင်းသာခပ်မြန် မြန်ငြိမ့်ပြလိုက်ကာ နာဂ ရဲ့ လက်မောင်း ဝတ်ရုံအောက် မှ သွေးတို့ တစ် တောက်တောက် ထွက်နေသော ဒဏ်ရာ ကို ချက်ချင်း လှပ်ကြည့်လိုက်မိသည်။
"အိုး.... "
တော်တော်လေး နက်ကာ လက်မောင်းရင်းတစ်ခုလုံး ရှိအသားတို့မှာ ပြဲသွားသည်ကို တွေ့လိုက်ရ၏။
နီရဲ သော အတွင်းသားတွေကိုပင် မြင်နေရပါပြီ။
ထွက်နေသော သွေးတို့ မှာလဲ မြင်၍ မကောင်း။ချက်ချင်းပင် စိုးရိမ် တကြီး နှင့် အိပ်ခန်းဆောင်ကို ဝင်ကာ ရွှေညို ရောင်သလွန် ဘေးမှ ကျွန်းသေတ္တာလေး အား မ၍ နာဂ အား သလွန် တော် ပေါ်တွင်ပင် ထိုင်စေလိုက်ပါသည်။
စိုးရိမ်တကြီး လှုပ်ရှားနေသော သူ့ရဲ့ ပုံစံကိုကြည့်ရင်း နာဂ က တစ်ချက်ပြုံး၏။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Ficción históricaဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...