Season 1- Part 42 (U)

413 44 17
                                    

"ချွင် ! ချွင်! "

"ဒုန်း ! ဒုန်း! "

"ဖျောက် ဖျောက် ဖျောက် "

မင်္ဂလာဇေယျာ မြို့ရိုး အတွင်းပိုင်းသည် မိုးစက် မိုးမှုန် များ၏ မှိုင်းညို့ ခြင်း နှင့် လူတို့၏ တက်ကြွစွာသော  လှုပ်ရှားမှု များဖြင့် လွန်စွာကို စည်ကားလျှက် ရှိနေသည်။

ကြီးမားလွန်းလှသော တူကြီး တွေကို ကိုင်လျှက် ကျောက်တုံးတွေကို ရိုက်သူက ရိုက် နေသည်။
ထို သူတို့ကို ကိုယ့်အစု နှင့်ကိုယ် ကြီးကြပ် ၍ အမိန့်ပေးသူက ပေးနေကြသည်။
ထိုအမိန့်တွေအောက် ဝယ် တစ်သဝေ မသိမ်းလိုက်နာ က ကြိုးစားပမ်းစား နှင့် တည်ဆောက် နေကြသူက တည် ဆောက် နေကြပေသည်။

သူတို့၏ အသက်ရှူသံ များ နှင့် ချွေးစက် တို့သည် မြို့ရိုးအထက်ဆီ သို့ပင် ဘဝဂ်ဥာဏ် အောင် ကြားရနိုင်သည်။
နှင်းခဲတစ်မျှ အေးစက်သော မိုး စက်တို့က သူတို့ကို မတားဆီးနိုင်။
မရပ်တန့်စေနိုင်ပါ။ပို၍ တောင်လန်းဆန်း စေသည့် အလား အလုပ်ကို နှစ်ဆပို၍ လုပ်ကြ၏။
ရယ်မောနေကြ၏။

မင်္ဂလာ ဇေယျာ  ရှိမိန်းမသူ တို့၏ အဖွဲ့ ဘက် ဆီမှ ရာဝင်အိုးကြီး များ ထံ တွင် အငွေ့တစ်ထောင်းထောင်း နှင့် လုပ်အားပေးသူ တွေကိုကျွေးမွေးရန် အဆင်သင့်ဖြစ်နေကြပေပြီ။
ထိုဟင်းအိုးများမှ ရနံ့ တို့သည် အကုန်လုံးအား စားပါလှည့်သောက်ပါလှည့် ဟု ဟစ်ကြွေးနေကြသကဲ့သို့ သွားရည် ဖြိုင်ဖြိုင် ကျစေနိုင်၏။
အရာရာ က သူ့ဟာနှင့်သူ အံဝင်ခွင်ကျ ၍ တက်ကြွစွာ လှုပ် ရှား နေကြပုံ များကို ကြည့်၍ စောနန်းဇေယျာသည်  အားရပါးရကို  ပြုံးမိကာ  မြို့ ရိုးတိုင် တွင် ချည်ရန် အသင့်ပြင် ထားသော နွယ်ကြိုးစ အား ပါးစပ်ဖြင့်ကိုက် ၍ အပေါ်တက် ရန် ပြင်လိုက် တော့သည် ။

"ဟင်! "

သို့သော် သူမ ခြေထောက် တွေအပေါ်သို့ မရောက်လိုက်ပါ။
အောက် မှာ ကျုံ့ကျုံ့ ကလေး ထိုင် နေရှာသူ မင်းသမီးက လှမ်းဆွဲလိုက်၍ ပင်ဖြစ်သည်။

"မင်းသမီး ဘာဖြစ်လို့လဲ……. "

မင်းသမီးသည် ဘာမှ ပြန် မဖြေပဲ မျက်လုံး အဝိုင်းသား၊မျက်ရည် အလည်သားနှင့် သူမကို ပြူးကြောင်ကြောင့် နှင့် ကြည့် နေရှာသည်ကို မြင်သော အခါ မည်သို့ မှ မနေနိုင်ပဲ ပြုံးမိ ရပြန်၏။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now