Season 1- Part 4 (U)

2.2K 173 5
                                    

"ဒုန်း!!! ဒုန်း!! ဒုန်း!!! ဒုန်း!!!! "

နားထဲသို့ ဝင်လာပါသော သူတို့ရဲ့ ဇေယျာသိင်္ခ ရွှေ မြို့တော် ဆီ မှ စည်တော် ဝန်းသံ လေးချက်။
မြို့တော် ထဲသို့ လှမ်း၍ မဝင်နိုင်ခင်မှာပင် သူတို့ မြို့တော်သူ မြို့တော်သားတွေရဲ့ ဝမ်းပန်းတသာ ဟစ်ကြွေးလိုက်သံကို ကြားလိုက်ရသလို။
မွေးရပ် မြေရဲ့ မွှေးပျံ့လှသော ငုဝါပန်း ရနံ့တွေအား ရလိုက်ရသလို။

ဇေယျာ သိင်္ခ မြို့တော်။
အော် မွေးရပ်ဌာနေ အိမ်ဖြစ် သည့်နေရာ သည် လွန်ခဲ့သော ဆယ့်ငါးရက်ခန့်က ခွဲခွာလာခဲ့တုန်းကလို ဘာမှ မပြောင်းလဲပါ။
တစ်ကယ် တော့ ပြောင်းလဲစရာလဲ မရှိသော အချိန် ကာလသာဖြစ်ပါသည်။
အစကတော့ ကြာမည်ဟုထင်ခဲ့ခြင်းကြောင့်ပါပင်။

လှမ်းမျှော်ကြည့်လိုက်မိပါတော့
ရွှေရောင်ငွေရောင် စည်တော်ကြီးတွေနှင့် မြို့ရိုး အဝင်ဝက ကင်းစောင့်တပ်တွေ။
မြို့တံခါးမှ အတော်ဆုံးဗိသုကာပညာရှင်ဖြင့် ရေးဆွဲလို့ထားပါသော သလင်းကျောက် ကနုတ်ပန်း နံရံကြီး။

ထိုနံရံကြီးက ခမ်းနာထည်ဝါစွာ မတ်မတ်ရပ်ရင်းမြို့တော်၏ ရန်အပေါင်းကိုကာကွယ် လို့နေ၏။
မြို့နံရံ တစ်ဝိုက်တွင် ရိုးသားသော အပြုံးတို့ကိုဆင်မြန်းထားလျှက် ဥဒဟိုသွားလာလို့နေကြသော ပြည်သူပြည်သားတွေမှာလဲ ကြည့်ရသည်မှာ တစ်ကယ်ကို အေးချမ်းလှပါပေသည်။

'အိမ်ပြန်ရောက်လာခဲ့ပြီပဲ'

၅ရက်လောက်ကြာအောင် လမ်းမှာ ညအချိန်မှ လွဲ၍ တစ်ချိန်မှ မနားပဲ အပြေးနှင်လာခဲ့ ခြင်းကြောင့်သာ နေဝင် မိုးမချုပ်ခင် မြို့တော် ထဲကို ဝင်နိုင်ခဲ့ခြင်း။

"နာဂ..... "

နာမည်လေးနှစ်လုံးကို စိတ်ထဲ မှ မြတ်နိုးစွာ ရွတ်လိုက်မိပါတော့ အပြုံးတို့က မျက်နှာထက်ဝယ် တမုဟုတ်ချင်းထွက်ပေါ်လို့လာရသည်။
သတ္တရ အသံထွက်၍ တောင် ရယ်မိလိုက်သည်အထိ။

အကြောင်းမှာတော့ နာဂသည် ပြောခဲ့သလိုပင် ဇေယျာသိင်္ခ ကို တစ်ကယ် သူ့ထက် တစ်ရက် စော၍ ရောက်ခဲ့ ၏။
ယမန် နေ့ည စခန်းတစ်ထောက်နားစဥ်က နာဂ ထံမှ မြင်းစီးသူရဲ တစ်ယောက် ရောက်လာခဲ့၏။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now