နာဂသျှတ္တိရ-Once upon a time Final

1K 47 11
                                    

"ဆရာ သခင် ……. "

ရင်းနှီး လေးမြတ်စွာ ခေါ်ဆိုသံသည် နားထဲ တွင် တစ်ချက်  ပဲ့တင်ထပ် သွား၏။
ပတ္တမြား လက်ပတ်ကြိုးအား လက် တွင် သိုင်းနှောင်လိုက်ရင်း အနောက်ကို လှည့်ကာ ဦးညွှတ် လိုက်ပါသည်။
နာဂါနာဂန္တ ၏ တစ်ခန်းထည်းသော  အတောက်ပဆုံးသော ပတ္တမြား အတွင်းဆောင် တော်ထဲသို့ ထိုသူ ဝင်လာ၏။

အနီရောင် ဆံ နွယ် တွေအား စည်းနှောင်ပေးနေသည့် အစေခံ တွေကို ထိုသူသည် အပြင်ကိုစေလွှတ်ရင်း သူ့ရဲ့ ဆံပင် တွေကို ကိုယ်တိုင် ရှင်းလင်းပေးပါသည်။
ချပ်ဝပ် တန် ဆာများ အား ကိုယ်တိုင် တပ်ဆင်ပေးလေသည်။ သူတစ်ချက်တွန့်သွားရသည်။

"ဆရာ သခင်….. "

"မှန်ပါ နန်းအရှင်….. "

"ကျွန်ုပ်ကို အနန္တ လို့ပဲ ခေါ်လို့ပြောထားတယ် မဟုတ်လား…… သင်ကကျွန်ုပ် ရဲ့ ဆရာ သခင် မဟုတ်ဘူးလား….. ကျွန်ုပ် အသက်ထက် ဆုံးလေးမြတ် နေရမဲ့သူပါ…… "

နာဂါနာဂန္တ နန်းအရှင်  အနန္တ ရာဇေ သည် မနှစ်ကပဲ သူကိုယ်တိုင် ပတ္တမြား ဦးကင်းအား ဆောင်းစေ၍  နန်းပေါ်တွင် တရားဝင် ထိုင်ခဲ့ပြီ  ဖြစ်သော်လည်း သူ့ အပေါ် တွင် တော့ တစ်ခါ မှ ဘုရင် နှင့် ကျွန်တစ်ဦးသဖွယ် မဆက်ဆံခဲ့ဘူးပါချေ။
သူသည် နန်းအရှင် ၏ ဆရာ သခင် ဖြစ်ပါသော်လည်း တစ်ကယ့်တစ်ကယ်က သည်ထီးနန်းကြီးရဲ့ ကျွန်တစ်ဦးသာပင်။
ဆရာဖြစ်၍ ကျေးကျွန်ကဲ့သို့ သဘော ထား၍ မရဘူး ဆိုစေဦး ပုံမှန် အချိန် များတွင်ပင် လိုတာထက်ပိုကာ  လေးမြတ်လွန်းနေ၍ တောင် အခက် တွေ့နေရပါသည်။
ယခုတောင် အစေခံတွေပြုဖွယ်ကိစ္စ တို့အား နန်းအရှင်ကိုယ်တော်တိုင် လုပ်ပေးနေသည် မဟုတ်ပါလား။ 

တစ်ခါ တစ်လေ ဆိုပါလျှင် နန်းအရှင်သည် အမှားတစ်စုံတစ်ရာများ မရှိလိုက်နှင့်။
လူရှေ့ မရှောင် သူရှေ့ မရှောင် သူ့ရှေ့ တွင် ဒူးထောက်ချ၍ ဝန်ချတောင်းပန်သည့် အချိန် တွေပင် ရှိ၏။

အားလုံး အား နာဂါနာဂန္တ နန်းအရှင်အပေါ် အရိုအသေ တန်သွားမည် ဆိုး၍ သည်လို ထပ် မလုပ်ပါရန် သူတင်းကြပ်စွာ တားထားခဲ့ရဘူးပါသည်။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now