တစ်ချို့ တစ်ချို့ သော ကိစ္စရပ် များသည် မိမိ ကိုယ် တိုင် တောင် မသိလိုက်ပါပဲ နှင့် တိုက်တိုက် ဆိုင်ဆိုင် ဖြစ် တတ်သော အဖြစ်အပျက် များသည် ကမ္ဘာလောကကြီးထဲ တွင် အများအပြား ရှိလေသည်။
ထိုအခြင်းအရာကို တစ်ချို့ မှာ မကြုံဘူး ၍ မယုံကြည်ကြ။တစ်ချို့ မှာတော့ ကိုယ်တိုင် ကိုယ် ကျ ခံစား ဘူး၊သိခဲ့ဘူးကျ ၍ ယုံကြည်ကြသည်။
အသင် ရော ယုံကြည် ပါသလား မိတ် ဆွေ။
ဒါမှမဟုတ် ကျွန်ုပ် ပြောသမျှကိုပဲ ရယ် စရာ တစ်ခု သဖွယ် တွေးနေမည်လား။
မည်သို့ပင် ဖြစ်စေကာမူ ကျွန်ုပ် ကတော့ ယုံကြည်သည်။အဲ့တာကလဲ အခုအချိန် တွင် ကျွန်ုပ် လက် တွေ့ ကြုံ တွေ့ လိုက် ရသော ကိစ္စ တစ်ခုကြောင့်ပင် ဖြစ်လေသည်။
ဘာများ လဲဟူ၍ အသင်တို့ သိချင် ကြပေမည်။
သိုဝှက်ထားစရာ မရှိပါ။ကျွန်ုပ် သင်တို့ကို မချွင်းမချန် ပြောပြနိုင်ပါသည်။
ယခု ကျွန်ုပ် ကြုံတွေ့ ရသည် ဆိုသောကိစ္စ မှာ တစ်ခြားမဟုတ်။
စည်းဝေးခြင်း ဆိုသည့် အဖြစ်သနစ် နှင့် ပတ်သတ် သော အရာပင် ဖြစ် တော့ သည်။အကြောင်းက တော့ အခုလေး တင် ကျွန်ုပ် ထွက် ခွာလာခဲ့ သော နေရာတွင် စည်းဝေးခြင်းတစ်ခု ဖြစ်ပေါ် နေသည်။
အတော် အတန်ကို ရာထူး မြင့်သော လူများ ဖြင့်ဖွဲ့စည်း ထားသော အစည်းအဝေး တစ်ခု ဖြစ်သည်။တိုက်တိုက် ဆိုင်ဆိုင်ပင် လက် ရှိ ကျွန်ုပ် ရောက် ရှိ နေရာ နေရာ တစ်ခု တွင်လဲ အစည်း အဝေးတစ်ခု ရှိနေ၏။
ကြီးသမျှ မည်မျှ အထိ ကြီးပါ သလဲ ဆိုရင် တိုင်းပြည် တစ်ပြည်၏ ခေါင်းဆောင် သူ ဦးဆောင်သူ ဘုရင် မင်းမြတ် ကိုယ် တိုင်ပြုလုပ် သော အစည်းအဝေး ပင် ဖြစ်တော့သည်။
စိတ်ဝင်စားစရာ တည်း။ကျွန်ုပ် တို့ ဝင်ကြည့် ကြစို့လားအသင် မိတ်ဆွေ။
ကျွန်ုပ် သင့်အတွက် ကာထားသော ကန့်လန့်ကာ တံခါးကို ဖွင့်ပေးနိုင်ပါသည်။
ဝင်ကြည့်ကြပါစို့လား။************************************
လင်းထိန် ထွန်းတောက် နေသည်။
တစ်ပြိုင် နက်ထဲ မှာပင် မှုန်ရီ ပြာဝေ နေ၏။
အလွန်ဆုံးရှိ မှ စာကြည့်ခန်း တစ်ခန်းသာသာမျှပင် ရှိသော ရွှေရောင်အခန်းငယ် တစ်ခု ထဲတွင် အငွေ့များတစ်ထောင်းထောင်း ထနေသည်။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...