ကောင်းကင် ယံသည် တိမ်ကင်းစင်လျှက် ရှိ၏။
လေပြေလေညှင်းများက တစ်သွင်သွင် ရစ်သိုင်းသည်။
နီညိုရောင် အလံ များ အစိမ်းရောင် အလံများသည် ရောထွေး နောက်ကျိလျှက် ကြည်လင် နေသောကောင်းကင် ကိုပင် မုန်တိုင်းထန် စေ၏။
ပင်လယ် မှလှိုင်းလုံးများသဖွယ် ဖြစ်နေစေသည်။အလံ များသည် ကခုန်နေကြ၏။
တစ်နည်းအားဖြင့် လေ၏ လွတ်လပ် သော အာရုံ သို့ အဆုံးထိ ဖြန့်ကျက်လို့နေကြလေသည်။တော၏ ရနံ့တောင်၏ ရနံ့ အစား သည်နေ့တွင် မြင်းများ၏ ရနံ့ ၊ စစ်၏ ရနံ့ကိုသာရ၏။
ကြီးမားတုတ် ခိုင် လှသော စစ်မြင်းကြီး များ ၏ နှာမှုတ် သံ တစ်ရှူးရှူး ခွာသံတစ်ယက်ယက် ကိုသာ ကြားရနိုင်သည်။စည်တော်သံ မှ ဗုံများသည် သူတို့ ၏ စိတ်ဓာတ် တွေကို မကြွကြွအောင် လုပ်ပေးနေသကဲ့သို့ရှိ၏။
အရှေ့ ဆီမှ မြင်နေရသော တစ်ဖက် မြင်းများ လူများ အကုန်လုံးကို ပြေးဝင် တိုးဝှေ့ ချင်အောင် စွမ်းဆောင်လို့နေ၏။မြင်းတွေချည်းပါပဲလား။
မဟုတ်ပါ။
မြင်းပေါ်မှ သူတို့ သည် လည်း ထို အတိုင်းပါပင်။
အရှေ့ တွင် လူ အင်အားများပြားလှသော စစ်တပ်ကြီးတစ်တပ်ကိုမြင်နေရသည်။အစိမ်းရောင် အလံ များ နှင့် မျက် နှာ တွင် ရက်စက် ကြမ်းကြုတ်မှု ဖြင့် မထီတရီ ပြုံးနေကြသော လူများပါပင်။
သူတို့ထက် သုံးဆ မျှ များပြားသော လူ များပါပင်။ထိုသူ များသည် မြင်းများပေါ် တွင် ကြွားကြွားစွင့်စွင့် နှင့် လူ အင်အား များလွန်းသည်ကြောင့် သူတို့ကိုသူတို့ဂုဏ်ယူနေသည် ထင်၏။
မျက်နှာ များသည် မခို့တစ်ရို့ နှင့် ထီမထင် ရှိလှသည်။
မကြာခင် အတောအတွင်းမှာ သူတို့ထက် သုံးဆမျှ နည်းသော အင်အားငယ် လေးတစ်စုကို အပျောက် ဖျောက်နိုင်တော့မည် ဟု အထင်ရောက် နေကြပုံလဲရှိလေသည်။
ဒီလောက်လူအင်အားလေးနှင့် ထွက်၍ တိုးကာတိုက်ခိုက် သောကြောင့်လည်း ရူးသွားပြီလားဟု လဲထင်နေကြဟန်ပင်။သင်းတို့၏ မျက်နှာ များကို မြင်ရသည် မှာ လက်ပင် ယားနေပြီ ဖြစ်သော်လည်း သူ့မှာ နေရာ မှ ကျောက်ရုပ် ကဲ့သို့ပင် တန့်နေမိသည်။
အကြောင်းကတော့ ရန်သူ့ အရှေ့တပ်ဦး တွင် နေရာ ယူထားသော လူ နှစ်ယောက်ကြောင့်ပင်ဖြစ် တော့သည်။
နီညို ရောင်ဝတ်စားဆင်ဆင်မှုများ နှင့် မျက်ဝန်း များ မှိုင်းညို့ နေသောလူသားနှစ်ဦး။
သူ့ကိုကြည့်ကာ မလှုပ်မ ရှားနိုင် ဖြစ်နေ သော လူသားနှစ်ဦးပင်။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Tarihi Kurguဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...