"ထိန်!!! "
"တပ် !!! ချွင်!! "
အစရှိသော တူရိယာတို့၏ အသံ မှာ ညဥ့်အမှောင်ယံရဲ့ အခန်းငယ်လေး တစ်ခု အတွင်းမှ လျှံ ထွက်ကာ နေ၏။
ထို အသံ တို့ကြားတွင် မှ ဆွတ်ပျံ့လွမ်းမော ဖွယ် မှုတ်လိုက်ပါသော ပုလွေ သံလေး တစ်ခုမှာ ကြားရသူ အပေါင်းတို့၏ ရင်အား ဘယ်အရာကိုလွမ်းဆွတ်လို့လွမ်းဆွတ် ရမှန်းမသိအောင်တောင် ဖြစ်စေပါသည်။လေပြလေညှင်း တို့ ရဲ့ တစ်ဝေါဝေါ တိုက်ခတ် နေသံ နှင့် အတူ ကြိုးကဲ့သို့ ရစ်သိုင်း လွှမ်းခြုံလို့လာပါသော ထိုပုလွေ သံ လေးနှင့် တူရိယာ တို့ရဲ့ အသံမှာ လိုက်ဖက်လွန်းရကာ သင်းပျံ့ဝစ်ရဲလို့နေစေ၏။
ရွှေစင်ရွှေချ ကာ ထားသော ပြတင်းတံခါးတို့ရဲ့ အတွင်းမှ နေ မီးရောင်ဝါဝါ ထိန်ထိန်က အပြင်ကို လျှံ ထွက်လို့ နေသည်။
စင်္ကြန်် တို့ အား အလင်းသက်ရောက်စေပါသည်။
လမင်းကြီးရဲ့ ပြည့်တင်းဝင်းစက်သော ငွေမှင်ရောင် အလင်း စက် တို့မှာလဲ ဇေယျာသိင်္ခ တစ်ပြည်လုံးကိုဖြန့်ကြဲလျှက်။သာယာလှပ လွန်းသည့် ညချမ်း ပါပင်။
"ချွတ်..... "
ညင်သာလှသော လှုပ်ရှားသံ တစ်ခု၊
လရောင်အောက်မှ အရိပ်မည်း တစ်စုံ။မည်သူမှ မကြားနိုင်လောက်သော လှုပ် ရှားမှု ဖြင့် သာယာဆွတ်ပျံ့ဖွယ် တေးဂီတသံ တို့ ထွက်ပေါ်လို့နေရာ ရွှေရောင်အခန်းငယ် ဆီသို့ တစ်ရွေ့ရွေ့ ချဥ်းကပ်လို့သွား၏။
တအောင့်လောက်ကြာတော့ လွမ်းဆွေးဖွယ် မှုတ် နေသည့် ပုလွေသံလေးကြားမှ ဩဇာပါကာ ပြတ်သား လှသော အသံ တစ်ခု မှာ ထွက်ပေါ်လို့ လာတော့သည်။"နှမတော်.... နှမတော်လေး ရဲ့ ဖခမည်းတော် ထံကို စာချွန်တော် ပို့ပြီး ပေပြီလား.... "
ထို စကား ရဲ့ အဆုံးမှာ ချိုသာအေးမြသော အသံလေးတစ်ခုကလဲ ထွက်ပေါ်လို့။
"မှန်ပါ မောင်တော်..... ညဥ့် သန်းခေါင် မတိုင် ခင်က ဖခမည်းတော် မှ နေ ပြီး စာချွန်တော် တစ်စောင် ကို ပြန်လည် ၍ ပို့ပေးခဲ့ကြောင်းပါ.... "
"ဟင်!! နှမတော်....
မြန်မြန် .... မြန်မြန် ပြသာ ပြပါလေ..... "ညဥ့် အမှောင်ယံ တွင် ရွှေရောင် အခန်းထဲ မှ အသံတို့ မှာ ရပ်စဲလို့သွားသလို အရိပ်မည်းမှာလဲ အားမလိုအားမရဖြင့် ပြတင်း တံခါးကို တိုးကပ်သည် ထက် တိုးကပ်သွား၍ လေ၏။
စာချွန်တော် ထဲ တွင် ဘာ တွေ ရေးထားမှန်းမသိပါသော်လည်း အပြင်မှာ တစ်ကိုယ်လုံး အမဲ ဝတ်ထားသူက တော့ ထိုစာချွန်တော်အား ဖြစ်နိုင်လျှင် ခုန်ပျံကျော်လွှား ကာသာ ရယူလိုချင်မှန်းသိပ်ကိုသိသာပါ၏။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...