Season 2- Part 1(U)

707 38 9
                                    

မဲမှောင် နေသည်။
မှောင် မိုက်ခြင်းတွေ နဲ့သာ ပြည့် နှက် နေသည်။
ရှေ့ တွင် သူတက် ရမည့် တောင်ကုန်းကြီး တစ်ခု ကိုမြင်ရသည်။
လေ စိမ်း တွေကြားမှ တောင်ကုန်းမြင့်။
မကောင်းဆိုးဝါး ကြီးတစ်ကောင် ဆောင့်ကြောင့် ထိုင် နေသကဲ့သို့သော တောင်ကုန်း မြင့်။
မတ်စောက်လှသည်။
ယခု မဲမှောင် လွန်းနေသော အရိပ် သည် ထိုတောင်ကြီး က နေကို ဆီးကာ ထားခြင်းကြောင့် ဖြစ် လိမ့်မည် ထင်သည်။
ကျောက်အဖုအထစ် များ ထကာ ဂဝံကျောက်လမ်း လို ဖုထစ် နေသည့် ထိုတောင် ကြီးသည် အနည်းဆုံး တော့ သူ့၏ မွေးရပ်မြေ ဖြစ်သည့် သူရိယ မကိုဋ် တောင် ထိပ် ထက် ကို မြင့်ပါသည်။

လေကြမ်းရမ်းများတိုးဝှေ့လာသည်။
စိတ်ထဲ မှ မရပ် မနား နှင့် ထို မကောင်းဆိုးဝါးကြီးပေါ်ကို တက်ချင် စိတ် ပြင်းပြလာ၏။
ရေခိုးရေငွေ့ ပါသော လေကြောင့် ရင်ထဲ အသည်းထဲ အထိ လှိုက် အေးသွားရရင်း သူသည် တောင် ခြေ မှ အဖုအထစ်ကိုနင်းလျှက် အပေါ်ကို တက်ရန် ပြင်လိုက်၏။

"ဝုန်း!! "

"ဒိန်း! ဂျလိမ်း!! "

ချက်ချင်းပင် မိုးကြိုးတစ်ချက် ဦးခေါင်းထိပ်သို့ ကျလာသကဲ့ သို့ ခံစားလိုက်ရသည်။
တိမ်မဲ အစိုင်အခဲ တွေ ရွှေ့လာသည်။
တောင်ကြီးကြောင့်နဂို မဲမှောင် နေရာမှ အခု နေပါပျောက်ကွယ် သော အခါ အမိုက်မှောင်ကသာ ကြီးစိုးလေတော့သည်။

မည်သို့ပင် ဖြစ်စေကာမူ သူ ထိုအပေါ်သို့ တက်ရပေမည်။
ထိုတောင်ပေါ် တွင် တစ်စုံတစ်ယောက်ရှိ နေသည်။
တစ်ယောက်ထက် ပိုသော လူများလည်းဖြစ်နိုင်သည်။
ထိုသူတို့ကိုတွေ့ချင်သည်။ တွေ့ကိုတွေ့ရပေမည်။
သူသည် စတင် ပြီးတော့ တောင်ခြေ ဆီသို့ ခြေချလိုက်၏။
ရုတ်ချည်းပင် ထိပ်ဆီမှ မြေမှုန် မြေစ များ ကမျက်လုံး တောင် ဖွင့် မရအောင် ပြန့်ကြဲ ကျလာကြသည်။

"အဟွတ်!! အ!! "

"အကိုတော် "

"ဟင်! "

ညီမတော် လေး၏ အသံ။

"နန်းအရှင်…. "

ဒါ ဒါ ဂေါယာ သိင်္ဒ ၏ အသံ။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now