အပြာရောင် ကောင်းကင် ကြီး တစ်ခွင်လုံးသည် ခဲရောင် တိမ်လွှာ မိုးသား တို့ဖြင့် အုံ့ ဆိုင်း ပြောင်းလဲ နေ၏။
ကောင်းကင် ကြီး၏ မျက်ရည် ဟု တင်စားကြသော မိုးစက်မိုးပေါက်တွေမှာလဲ တစ်စက်စက် နှင့် မြေပြင်တစ်ခုလုံးကို ပင်လယ် သဖွယ် ရေများဖြင့် ပြည့် သျှံအောင် ရွာသွန်းနေကြလေသည်။"ချွင်! ချွင် ချွင်! "
ထိုမိုးရေစက် များ ကြားထဲ တွင် အဖြူရောင် ကိုယ်ဝတ်လေးကိုဝတ်ဆင်ထားပြီး နွဲ့နှောင်းပျော့ပျောင်းစွာကနေသော မိန်းမငယ်လေးတစ်ဦးရှိ၏။
သူမ ၏ မျက်လုံးတွေသည် လှုပ်ရှားမှု မရှိ။
တစ်နေရာထဲတွင် ပြူးကြောင်စွာတည်တံ့ နေကြသည်။
လက်ဟန် ခြေဟန် မှာတော့ စည်းချက်ကျ လှပလွန်းလှလေသည်။ မြင်သူတိုင်း၏ စိတ်ဝိဥာဏ်ကို ဖမ်းဆုပ်နိုင်၏။ခြေဖျားအပင့် နှင့် လက် ကလေးနှစ်ဖက် သွယ် ယှက်လိုက်ပုံ မှာ ပဒုံမာ ကြာဖူး လေးတစ်ပွင့် ယိမ်းနွဲ့လှုပ်ရှားသွားသည့် နှယ်။
ခါးကို ချိုးကာ ခြေထောက်ကလေးကို အရှေ့ပြန်ထုတ်၍ လက်များကို ဖြန့်ကားလိုက်ပါလျှင်လည်း ဇာမဏီငှက်ကလေးတစ်ကောင် ကနေသည့်နှယ်ပင်။
ခေါင်း၊ ခါး၊ ခြေလက်အကုန်လုံးအံဝင်ခွင်ကျ ရှိလှသည်။
ပျော့နွဲ့လွန်းသည် လည်းမဟုတ်၊ တောင့်တင်းလွန်းသည်လည်း မဟုတ်ပါပဲ ဒီအက သည် အလွန်ကြည့်၍ ကောင်းလေသည်။ခြေချင်းဝတ်မှ ချိတ်ဆွဲထားသော ချူလုံးကလေးများတစ်ခု နှင့်တစ်ခု ထိရိုက် သော စည်းချက် နှင့်အညီ မိုးရေ ထဲတွင် အကမာန် ဝင်လျှက် ယိမ်းနွဲ့ လှုပ်ရှားနေသော ဆန်း ကိုကြည့်ကာ သတ္တရ လေးစားစွာ အသိအမှတ်ပြုမိရသည်။
သူတို့၏ လူအား သူမကယ်တင်ပေးနိုင်ခဲ့၏။
မိုးရွာ တိုင်း မနေနိုင်စွာ အပြင် ထွက်ကလေ့ ရှိသော သူမ၏ အကျင့်ကိုပင် ကျေးဇူး တင်ရမလိုပါပင်။
ထို့ကြောင့်ပင် ဂေါယာသိင်္ဒ ၏ ညည်းညူ သံကို ကြား၍ ဂဠုန်တပ် တွေကို သူမ ဘက်ကို အာရုံ လွှဲကာ ရအောင် ကယ် ထုတ်လာနိုင်ခဲ့သည် မဟုတ်ပါလား။တစ်ခုတော့အံ့ဩဖို့ကောင်းသည်က မျက်စိလဲ မမြင်ပါပဲ နှင့် ဂေါယာ သိင်္ဒ တစ်ယောက်ထည်းကို ဝိုင်းပြီး အနိုင်ကျင့် နေကြသည် ဟု သူမ မည်ကဲ့သို့ သိပါသနည်း။
မိန်းကလေး နုနုနယ်နယ် တစ်ဦးထည်း၏ အင်အားဖြင့် မည်ကဲ့သို့ ဂေါယာ သိင်္ဒကို ကယ်နိုင်ခဲ့ပါသနည်း။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Tarihi Kurguဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...