Season 2- Part 17(U)

359 23 2
                                    

"ရဝေငယ် စာဆိုကျော့

ပြန်ချိန်ငယ် လွန်ပါရော့

မျှော်သူမှာ မောရှာပေါ့

ဆန့်လို့ရယ် အခါခါမော့ ……. "

"သည် ကဗျာ လေးကို ကြားဘူး ပါသလား ဘုရာ့ "

ဣန္န ရာဇေ ဘက်က အရင် စကာလျှောက်တင် လာသော စကား ပါပေ။
နာဂ က တည်ငြိမ် စွာနှင့် ခေါင်းကိုညိမ့်ပြသလောက် သူကတော့ မတည် ငြိမ် နိုင်တော့။

သည်လိုအချိန် မျိုးတွင် အဘယ်ကြောင့် ကဗျာကို ရွတ်ဆိုပြရသနည်း။
သည်လို အရေးကြီးနေသည့် အချိန် မျိုးတွင် အဘယ်ကြောင့်နူးညံ့ လှသည့် အနု ပညာ မြောက် တေးကဗျာ တစ်ပုဒ်ကို ရွတ်ဆိုပြရပါသနည်း။
ကဗျာ၏ အဓိပ္ပာယ်ကို သူရေရေ ရာရာ မသိ သော်လည်း တစ်ခုခု မူမမှန်တာကိုတော့ ခံစားမိပါသည်။
ထို့ကြောင့်လဲ အသင့်သိရှိထားသော အသိဖြင့် ရွှေရောင် နန်းစဥ် ဓားအပေါ်သို့ လက်ကို တင်လိုက်မိသည်။
ဣန္နရာဇေ က အေးဆေးစွာဆက်လက် လျှောက်တင်နေ၏။

"တောထဲ မှာ သားကောင် ရှာရင်း လမ်းမှောက် လို့ အိမ်ပြန်ချိန်တိုင်သည့်တိုင် မပြန်ရတဲ့ မုဆိုးကြီး တစ်ဦးက  အိမ်မှာစောင့်မျှော် နေရှာမဲ့ သူ့ရဲ့ ဇနီးသည် နဲ့ မိသားစုဝင် တွေ ကိုရည် မှန်းပြီး စပ်ဆိုခဲ့တဲ့ တေးကဗျာလေးလေ။ "

"ကြမ္မာ သားကောင် ဆိုတဲ့ ဇာတ်တော်ကြီးထဲ က အကောင်းမွန်ဆုံးသော ကဗျာ လေးတစ်ပုဒ်ပေါ့။
သံဝေဂရစရာ ကောင်းသလို မုဆိုးကြီး အဖြစ်ကရင်နင့် ဖွယ်လဲ ကောင်းလှတယ် "

"ကျွန်ုပ် တော့ အလွန် မြတ်နိုးမိပါတယ်ဘုရား။  ကျွန်ုပ် ရဲ့ ဘုရားက ရော အဘယ်သို့များထင် သလဲ ဆိုတာ သိချင်မိလှကြောင်းပါ ။ "

ဣန္နရာဇေ ၏ အမေးကိုနာဂက ပြုံးလျှက်ပင်ပြန်ဖြေပါသည်။
မြေးအဘိုးနှစ်ယောက်သည် ယခုအချိန် တွင် တစ်ဦးမျက်လုံးကိုတစ်ဦး လုံးဝ မလွှဲဖယ်ကြပေ။

"ကျွန်ုပ် ကလဲ အလွန်မြတ်နိုး မိတဲ့ ပြဇာတ်တော်ကြီး တစ်ပုဒ်ပါ။ အိမ်ပြန် ချိန် ဆိုတာ အချိန် မတိုင်  ရင် တော့ ပြန်ခွင့်မရသေးတဲ့ သဘော ကို သက်ရောက် တယ် မဟုတ်ပေလား။ "

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now