Season 1- Part 41(U)

454 47 6
                                    

သု့ရဲ့ မျက်လုံးများ ထဲ တွင် မှုံမှိုင်းဝေရီ ခြင်းများဖြင့်သာပြည့် နှက် နေသည်။
ဘယ်နေရာကိုကြည့်ကြည့် မျက်ရည် များသာဖြစ်သည်။
မီးခိုးငွေ့များသာ ဖြစ်လေသည်။

မင်္ဂလာဇေယျာ ကောင်းကင်သည် ဒီကနေ့ တော့  မီးခိုးငွေ့များ ကြားထဲ ရှိ မျက် ရည် များဖြင့်သာ တန်ဆာ ဆင်ယင် ရင်း မျက်ရည် ဝေ့ နေ၏။

ထို အထဲ တွင် စစ်သည် ရဲမက် များ၏ ဝမ်းနည်းခြင်း တွေပါသည်။
ကိုးထောင်မျှသော ဂဠုန်တပ်ဖွဲ့အား တိုက်ခိုက်နိုင်ခဲ့၍ ရရှိ သောဝမ်းသာခြင်းများထက် ဝမ်းနည်းခြင်းများကသာ ကြီးစိုးနေကြသော သူတို့တွေ။
အော် သူတို့ တွေ၏ မျက်ရည် များ ။
လွမ်းခြင်း များ။နှမြှော တသ ခြင်းများ။

ထိုမျက်ရည် မြစ်များသည် မင်္ဂလာ ဇေယျာ မှသည် မည်သည့် နေရာ တိုင်အောင်စီးဆင်း လေမည်နည်း။
ဘယ်အရပ်ဆီထိ စီးဆင်းလေမည်လဲ။

"အ အကို တော်...... အ...... သင် သင်......နန်း.... နန်းပြောပါ ......စန္ဒရီ စန္ဒရီ အိမ်မက် မက် နေတာ မဟုတ်လားဟင်..... ဟင်.... "

"မင်းသမီး သတိထားပါဦး မင်းသမီးရယ်…… "
ရှိုက်ကြီးတငင် နှင့် ညီမ တော် စောနန်း၏ အသံကို သူကြားလိုက်ရသည်။
သူမ၏ လက် ထဲ တွင် တော့စန္ဒရီ သိင်္ဒ မင်း သမီးသည် ပျော့ခွေ ကာ လဲ ကျနေပြီ ဖြစ်၏။

မင်္ဂလာ ဇေယျာ မြို့ရိုး တံခါးကြီး ကျွီခနဲပွင့် ဟလာသည်။
ဦးစွာမြင်လိုက်ရသည် မှာ အဖြူရောင် သင်တိုင်း နှင့်အနီရောင် ဆံပင် ရှည် များအား ဖြန့်ကျဲ၍ ချကာ ဖိနပ် မပါ ခြေဗလာ ဖြင့် လှမ်းဝင် လာသော ရှင်းရန် ၏ တင်းမာသော မျက် နှာပါပင်။
ရှင်းရန် ၏ ခြေထောက် များမှာ ၅တိုင်ခန့်မျှ ဝေးသော တောအုပ် မှသည် ယခုလို လျှောက်လာရသည် ဖြစ်သည့် အတွက် သွေးစ များစို့ နေကြသည်။
ဖုန်မှုန့်များဖြင့် ညစ်ပတ်ပေရေလို့နေပါသည်။

ရှင်းရန်၏ ကျောပေါ် တွင် အမဲရောင် ကြိုးစ တစ်ခုအား ချိတ်ဆွဲချည် နှောင်လာ၏။
ထိုကြိုးစ သွယ် တန်း ရာ မှာ တော့ တစ်အိအိ နှင့် လှည်းလေးတစ်စင်း က တွယ်ညိ လို့ကပ်ပါသည်။
လှည်းလေး၏ အပေါ် တွင်  မြင့်မြတ် စွာ နှင့်တာဝန်ကို အသက် ပေး၍ ကျေပွန်သွားပြီဖြစ်သော  တပ်မှူးချုပ်ဖြစ်သူ သူရဲကောင်းဂေါယာသိင်္ဒ၏ သက်မဲ့ ခန္တာကိုယ် ပါလေသည်။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now