"စာချွန်တော် !!!
အမိန့်တော် ပါလာပါတယ် !!!တဲနန်း တံခါးဖွင့်ပါ!!! တဲနန်းတံခါးဖွင့်ပါ!!! "
"ဒေါင် ဒေါင် ဒေါင် ဒေါင်!!! "
ရွှေဝါ ရောင် အလံတစ်ခုကို လေ တွင် တစ်လွင့်လွင့်ကိုင်ဆောင်လျှက် မြင်းပေါ် တွင် အော်ဟစ်လာသူတစ်ဦး။
နီညိုသော နေရောင်ခြည် တို့ အား ကောင်းကင် ထက်မှထုတ်လွှတ်နေချိန်တွင်
ထွက်ပေါ်လို့လာသော ကင်းစင် ထက်မှ မောင်းထုသံ။
တဲနန်းအတွင်းမှာ သယန္တော နှင့် စကားစမြည် ပြောဆို နေကြရင်းပင် သတ္တရ ဇေယျာ စူးစမ်း စွာဖြင့် အပြင်ကို ထွက်သွားမိသည်။တပ်စခန်းတစ်ခု လုံး ထို မြင်းစီးသူရဲ ရဲ့ လက်မှ အမိန့်တော် ကြောင့် ရုတ်ရုတ် သဲသဲ ဖြစ်လို့နေကြပါ၏။
သူကိုယ်တိုင်လဲ အရေးကြီးသော အမိန့်တော်မှန်းသိသည့်အားလျှော်စွာ အလောတကြီး လက်ခံရန်ပြင်ဆင်လိုက်ပါသည်။
စာချွန်အမိန့်လွှာကို ကိုင်ဆောင် ကာ ဆင်းလာသည့် မြင်းစီးသူရဲ ရဲ့ ရှေ့မှောက် တွင်ပင် ဒူးတစ်ဖက်ကို ထောင်ကာ လက်ကိုတင်ရင်း ထိုင်ချလိုက်သည်။ဦးခေါင်းကို ညွှတ် လိုက်ရင်းမှာပင်....
"သားတော်သတ္တရ ဇေယျာ အမိန့်ကို နာခံလျှက်ပါ..."
အမိန့်တော်ကို ကိုင်ဆောင် ထားသည့် မြင်းစီသူရဲ ဆီမှ ပြတ်သား ကြည်လင် သော အသံတို့က ထွက်ပေါ်လို့ လာ၏။
"သားတော် ... "
မဟာမိတ် ငြိမ်းချမ်းရေးအား လက်သင့်ခံ၍ ရသည်....
တစ်ကယ်ကို ဖခမည်းတော် အလိုရှိသည့် အတိုင်းပါပင်....သို့ပေတည့် ပြန်လည်၍ မြို့တော်ကို လာသည့် အချိန်တွင် အဆွေတော် နာဂရာဇေကိုပါ တစ်ခါထည်း မြို့တော်ကို ပင့်ဆောင့် ခဲ့ စေရမည်.....
အဆွေတော် အတွက် ဖိတ်ကြားစားအား တစ်ပါထည်း ထည့်ပေးလိုက်၏။
ထိုတာဝန် တစ်ခုကိုသာ ရ အောင် ထပ်မံဆောင်ရွက်ပါလေ.... ""ဓမ္မ သတ္တိ ဇေယျာ မင်းမြတ်.... "
"ဇေယျာသိင်္ခရဲ့ အမိန့်အာဏာ တည်မြဲပါစေသော်ဝ်.... "
ရောင်ခြည် ဖြာထွက်လို့နေသော နေဝင်ချိန် ရဲ့ နေလုံးရဲရဲ ကြီးအောက်ဝယ် ဖခမည်းတော် ထံမှ အမိန့် တော် တို့ မှာ ရပ်စဲ လို့သွား၏။
"အမိန့်ကို နာခံလျှက်ပါ အရှင်"ဟု နာခံလိုက်မိရင်း လွတ်လပ် ပေါ့ပါးစွာ ထရပ်လိုက်မိပါသည်။
တော်တော်လဲပျော်ရွှင်သွားရသည်။
နောက်ဆုံးတော့ သူတို့ ရဲ့ကမ္ဘာ လောကကြီး ငြိမ်ချမ်းပေတော့မည်။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...