"မြို့ရိုးတံခါးပွင့်သွား ပြီ တဲ့….. "
"ဂဠုန်သိင်္ဒ ရဲ့တပ်သားတွေက အတုံးအရုန်းကျဆုံးပြီတဲ့… "
"မဟာမိတ် ယက္ခနန္ဒတပ်ပေါင်းစု က ဂဠုန် စစ်သည် တွေကို ခေါင်းတွေချည်းပဲဖြတ်ပြစ်သတဲ့…… "
"သူတို့ တွေ အနိုင်ရကြပြီတဲ့။ "
"နာရာဇ ခင်းယျန် သူယုတ်ကိုတော့မြို့ရိုးထိပ်မျှားစင်ဘေးမှာ ပဲ ဂဠုန် သိင်္ဒ မင်းသမီးလည်ပင်းကို ဓားနဲ့ ထောက်လျှက်သားတွေ့ရတယ်တဲ့။ "
စကားသံတွေသည် မြို့ရိုးအတွင်းဆီမှ အပြင်သို့ ထိုမှ တစ်ဆင့် တိုက်နေခိုက်နေသော သူတို့၏ ပါးလှသော နားစည် အတွင်းတွေသို့ တိုးဝင်လာကြသည်။
ထို ကဲ့သို့သောတက်ကြွ ပျော်ရွှင်ဖွယ် စကား လုံးတွေ ကြားထဲ တွင် နာဂါနာဂန္တ အိမ်ရှေ့စံ ဂါတ္တရ ရာဇေ သည် အကြီးအကျယ် မပျော်မရွှင် နိုင်ဖြစ်နေရလေသည်။
အကြောင်းမှာ "ညီငယ် တရန်းဇေယျာ ကျသွားပြီ "ဟုပြောသော နောက်ဆက်တွဲစကားကြောင့်ပါပင်။
သူသည် ဘေးပတ်ပတ် လည် ဝန်းကျင် မှ သွေးညှီနံ့ထောင်းထောင်း နှင့် အလောင်းများကြားထဲ တွင် ညီတော် အားလိုက်လံဖမ်းဆုပ်နေမိသည်။
ငွေမှင်ရောင် ဓားဦးချွန် တို့ ၏ သွေးတို့ ကြားမှ အော်သံ များကြားထဲ တွင် ညီတော်အား ရှာဖွေနေမိသည်။
ကျဆုံးသွားပြီဆိုသော သွေးသောက်ညီနောင်လေး၏ အလောင်းအားမတွေ့ရမချင်းသူ့မှာ မယုံကြည်ရနိုင်။မယုံလဲ မယုံကြည် နိုင်။"ညီငယ်လေး ဘယ်မှာများလဲ..... ညီငယ် လေးဘယ်နေရာမှာများလဲလျောင်းနေပါသလဲ........
တစ်ကယ် ရောကျဆုံးသွားတာ ဟုတ်ပါလေရဲ့လား.....""ဂါတ္တရ!!! ဂါတ္တရ!!!မြို့တွင်းကိုဝင်မယ်!အခုဝင်မှဖြစ်မယ်!! "
နောင်တော် နန်းသျှင် ဇေယျာ က မျှားမိုး၊ သွေးမိုး တို့ကြား ထဲ မှ အပြေးအလွှားရောက်လာကာ သူ့ကို ဆွဲခေါ်နေသည်။
လှမ်းကြည့်လိုက်သောအခါ မြို့ရိုးအတွင်းသို့ ဒေါသတကြီး ဓားကိုမြှောက်ကာ ဝင်သွားသော နောင်တော် နာဂရာဇေ အရှင်ကိုတွေ့ရသည်။
သူ့မှာတော့ မယုံကြည်နိုင်ခြင်းများဖြင့်ကြောင်အအ နှင့်သာ နောင်တော် နန်းသျှင်၏ လက် အတွင်းသို့ ပါသွားရလေသည်။
ရွှေရောင်နန်းတွင်းထဲ မှအတုန်းအရုန်း သေနေကြသော ဂဠုန် သေကောင် များ၊ တောင်ပံကျိုးများ၊ နာကျင်စွာ ကြောက်လန့် တကြား အော် ဟစ် နေကြသော ဂဠုန် မိန်းမ များနှင့်ကလေးငယ်များကို သူနှင့် နန်းသျှင်သည် ကျော်ခွလာခဲ့ကြသည်။
မှန်စီခန်း အစည်းအဝေးသဘင်ခန်း ၊ အိမ်ရှေ့စံအဆောင် တော် တို့သည် သူယုတ်တို့၏ သွေးများဖြင့် သူတို့ကိုယ်သူတို့ သန့်စင် နေကြ၏။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Ficción históricaဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...