Season 1- Part 15(U)

1K 84 1
                                    

"စန္ဒရီ သိင်္ဒ!!!!!
စန္ဒရီ သိင်္ဒ !!!! "

စောနန်းဇေယျာ ဝတ်ရုံစကို ခါကာ မလျှက် ဒေါသတကြီး နှင့် စင်္ကြန် တစ်လျှောက် လျှောက်လာနေမိသည်။

အရှင့်သမီးတော် တစ်ဖြစ်လဲ ယခု နန်းစောင့် အရှင်မ ဖြစ်နေသည့် တိုင်အောင် ယခုလောက်အထိ ဒေါသတကြီး လျှောက် လှမ်းမိတာ မျိုး၊
ရာဇမာန် နှင့်ကိန္ဒြေကို ထိပါးစေလောက်တဲ့ အထိ မဖြစ် ဘူးခဲ့ပါ။

သို့ ပေမဲ့လည်း သူမသည် အခု အချိန် မှာတော့ ဘာကိုမှ ငဲ့ ညှာ ၍ မကြည့်နိုင်။

အကုန်လုံးကို သတိမထားမိအောင်တောင် ဒေါသ ဖြစ်မိ ရပါသည်။
သူမ ရဲ့ စေတနာ တွေ ၊ စာနာစိတ် တွေအား သင်းက လှလှပပ လှည့်စား ရက်ခဲ့သည် မဟုတ်ပါလား။

"စန္ဒရီ သိင်္ဒ ...... "

ယုံကြည် မှုတွေကို အလွဲသုံးစား လုပ်ပြီး အရှင့်ရဲ့ လျှို့ ဝှက် ရာဇသံကို ခိုးယူသွားခဲ့သည်။
စေတနာတွေကြောင့် အတင်းအိပ်ခိုင်းသည်လို့ ထင်မိပေမဲ့ အခု တော့ ၊

"တယ် ...... "

တွေးလေ တွေးလေ ဒေါသ က မထိန်းနိုင်အောင် ထွက်လာလေလေပါပင်။

တစ်ကယ်ကို ဖြူစင် ရိုးသားတဲ့ မျက် နှာလေးနှင့် သူမ ကို မထင် မှတ် အောင် လှည့်စားသွားခြင်း။
စိတ်ဓာတ် နှင့်ရုပ်ရည်က လိုက်တောင် မလိုက်ဖက်လှပေ။
ဒါကြောင့်လဲ ငယ်စဥ်က ဆရာကြီး တွေက ဆုံးမခဲ့တာထင်၏။
"အပေါ်ယံ‌ အရေလွှာကို ကြည့် ရုံနဲ့ တစ်ဖက်သားအတွင်း ဆုံးစိတ်ကို ဆုံးဖြတ်၍ မရတန်ရာ"  တဲ့

'ပိရိ လိုက်တာ စန္ဒရီ သိင်္ဒ ရယ်..... '
'ကျွန်ုပ် မှာတော့ သင့်ကို ယုံကြည် ခဲ့ရတာ....
သင်မို့လို့ .... သင်မို့လို့...'

တွေးလေ ဒေါသ ထွက်လေ၊
တွေးလေ နာကျည်းလေပါပင်၊

ရွှေရောင် လုံးပတ်တိုင်ကြီးများနှင့် ကာရံထားသော  ရွှေစင်္ကြန်တစ်လျှောက် သူမရဲ့ဒေါသ တကြီးလျှောက်လှမ်းနေပုံကိုမြင်သော ရဲမက် တွေသည် လည်းကောင်း။

နန်းရ မောင်းမတော် မိဖုရားတွေသည် လည်းကောင်း ကြောက်ရွံ့ ထိတ်လန့် စွာဖြင့်
ဦးညွှတ်လျှက် အနောက်ကို ဆုတ်သွားကြသည်ကိုမြင်ရသည်။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now