"ဂီး!!! "
လင်းယုန်ငှက် ၏ နောက်ထပ်အော်သံကိုကြားလိုက်ရတာကြောင့် သတ္တရ ထူပူသွားရသည်။
နာဂကို အဘမုန်းအား အပ်လိုက်၏။
အနောက်ကိုပြန်လှည့်သွားရရင် နာဂသည် ပင်ပန်းသည့် ဒဏ် နှင့် ခံနိုင် မည် မဟုတ်ပါ။"အဘမုန်း ..... နာဂကို လျှို ထဲ ခေါ်ပြီးအားဖြစ်အောင် ဆေးကု ထားပေးပါ...... "
"အရှင်က ဘယ်သွားမလို့လဲ..... "
"အဲ့တာက အန္တာရာယ် ကို တွေ့တဲ့ အသံပါ အဘမုန်း အနောက်က အဖွဲ့ တွေ အန္တာရာယ် ကြုံနေပြီ......
ကျွန်ုပ် ပြန်သွားမှ ဖြစ်မယ်......."သူသည် နာဂ အား အဘမုန်း၏ လက်အတွင်းသို့ လွှဲပြောင်းပေးလိုက်ပါတော့သည်။
ထို့နောက် ငွေမှင်ရောင်ဆံပင် တို့အား ခပ်ဖွဖွ ပွတ်သပ်လိုက်ရင်း ပင် ညှိုးလျော် နေသည့် မျက်ဝန်း တို့အား စိတ်မပူစေရန် ပြောရ၏၊။
နာဂသည် မျက်လုံးတောင် တော် တော်ကြီးကို အားတင်း၍ ဖွင့်ထားရပုံပေါ်ပါသည်။
မတ်မတ်လဲ မရပ် နိုင်ရှာတော့ပါ။"နာဂ အဘမုန်းနဲ့ ခဏလိုက်သွားနော် ကျွန်ုပ် ချက်ချင်းပြန်လာခဲ့မယ်...... "
"အ အချစ် သ သတိ အဟွတ် ထား......ကျွန်ုပ်လဲ လိုက် လိုက်မယ်... "
နာဂ က သူ့အား စိတ်မချစွာ ပြောလာ၏။
ပြုံးရင်းသာ ခေါင်းခါပြလိုက်ရင်း တော အုပ် ထဲသို့ ခြေလှမ်းပြင်လိုက်ပါတော့သည်။"ဝုန်းရွှီ!! "
"ဟင်!! "
"ဘုန်း!! အ..... "
သွားရန်ပြင် နေသော သူ့၏ ခြေလှမ်း များ
သည် မြေပြင် ပေါ်ကို ပြုတ်ကျလာ သော အထုတ်ကြီး တစ်ခုလိုလို အရာကို ကြည့်ကာ ရပ်တန့်သွားရ၏။
နေဝင်နေပြီဖြစ်တာကြောင့် မှောင် နဲ့မဲမဲ ထဲ တွင်ဘာကြီး မှန်းလဲ မသိရပါ။တစ်ခုပဲ မြင်နိုင်သည်က အလုံးကြီး။
ဘာ မှန်းမသိသော အလုံးကြီးပါပင်။
ပိတ်စ လို အနားစများထွက် နေသော အလုံးကြီးတစ်ခု။
တော်တော်ကြီးမား ကာ လှုပ်လှုပ်ရွရွ လဲ ရှိလှသည်။ထို အရာကြီးကိုကြည့်ပြီး နာဂကိုအတင်းဆွဲပြီး လျှို ထဲဆင်းရန်ပြင်နေသော အဘမုန်းတောင် အနောက်ထိတ်လန့်စွာလှည့်ကြည့်လာပါသည်။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Ficción históricaဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...