Season 2- Part 6(U)

323 29 20
                                    

"သတ္တရ ရာဇေ အရှင် ဆိုက် ရောက်လာကြောင်းပါ အရှင်!! "

"ဟေ ဟုတ်လား! အချစ် ရောက် လာပြီလား! ပင်ပန်းလာတဲ့ အချစ်ကို ကျွန်ုပ်ကိုယ် တိုင် ထွက်ကြိုမယ်...... "

"မှန်ပါ!! "

သူဝမ်းသာအားရ နှင့် ပတ္တမြားပုလ္လင် ထက် မှ ထကာ မြို့ရိုး ပေါက်ဝ ဆီသို့ လှမ်းနေမိသည်။
အချစ်နှင့်သူနှင့်က တစ်နေရာ ဆီကို သွားရသည် မို့ မတွေ့ရသော နှစ်ရက် အတွက် အတိုးချကာ လွမ်းနေ၏။

ထို့အပြင် သူ အချစ် နှင့် တွေ့သည့် အခါ ပြောစရာတွေအများကြီးရှိနေသည်။
တိုင်ပင် စရာတွေလည်းများလှသလို အချစ် ၏ အကြံဥာဏ် တွေကိုလည်း ရယူလိုသည်။
ပွင့်ပွင့်လင်းလင်း ပြောစရာတွေလဲ ရှိပေသည်။

နာဂရာဇေ လှမ်းနေသော ကိုယ့်ခြေထောက် တွေကိုယ် မလိုက် နိုင် အောင်ပင် ဖြစ်ရသည်။
သူ မည်မျှ အထိ စိတ်စောနေသလဲ ဆိုရင် "နာဂါနာဂန္တ"ဟု ကမ္မည်း ထိုးထားသောမုခ်ပေါက်ဝ ကိုပင် ချက်ချင်းလှမ်းမြင် နေသော နေရာ ရောက်နေပြီပင်။
တံခါး ဘယ်နှစ်ပေါက် နှင့် ဘယ်လမ်းတွေကိုကျော်လာ ခဲ့သလဲ သူမသိတော့။

သူနှင့် အတူ ကြိုဆို ရန် လိုက် လာသော ဘိုးတော် ဣန္နရာဇေ၊ ညီမတော် စန္ဒရီ သိင်္ဒနှင့်သေနာပတိချုပ် ရှင်းရန် ရာဇေ တို့ ပင် အနောက် တော်တော်လှမ်းလှမ်းမှာကျန် ရစ်ခဲ့ကြသည်။

လမ်းတစ်လျှောက် တွေ့ရသူများက သူ့ကိုမြင်သည် နှင့်"ကျေးဇူးရှင်ကြီးအရှင်မြတ်"ဟု ဆိုကာ ထိုင်ကန်တော့ကြ၏။

သူတို့ကို လက်သော်မျှ မကာပြနိုင်ပါ။
မုခ် ပေါက်ဝ တွင် တစ်စတစ်စ မြင်နေပြီ ဖြစ်သော လေထဲရှိ ရွှေရောင်အလံ တစ်လူလူ ဆီသို့ သာ အားသွန်ခွန်စိုက် ပြေးနေမိပါသည်။

"ဟော! "

"နာဂ!! "

အချစ် မဟုတ်ပါလား။ အခုမြင်းပေါ်မှ ဆင်းကာ သူရှိရာသို့ ပြေးလာသူ မှာအချစ် မဟုတ်ပါလား။
အချစ်သည် ရွှေရောင် ဆိုင်းကြိုးတွေ ကြားမှ အသားက ဝင်းဝါ ကာ ခန့်ညားလွန်းနေ ‌၏။
ဒဏ်ရာဒဏ်ချက် အမာရွတ် တွေက အချစ်၏ တိုက်ပွဲတွင် ရရှိခဲ့သော ယောင်္ကျား ပီသမှုတွေကိုပို၍ လစ်ဟ ပြနေသလို ရှိနေသည်။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now