Season 1- Part 22(U)

903 75 5
                                    

လေကြမ်းရမ်း များက ရင် ဝ ၊မျက် နှာ ၊ခြေ ထောက် အစရှိသော ခန္တာကိုယ် တစ်ကိုယ်လုံးအား ဆီးကြို ထိတွေ့လာသည်။
ပြေးနေသော ခြေထောက်တွေ မှ စပ်ဖျဥ်း နာကျင် မှုကို ခံစားရ၏။
ကျောက်ခဲ ကျောက်တုံး သဲမှုန် ကြမ်း အစရှိသည် တို့က ခြေထောက် တွေအားပို၍ တုံ့နှေးအောင်လုပ် လို့နေကြသည်။
ခြေလှမ်း တွေအား နှေးကွေး လေးဖင့်အောင်ပြုလုပ်လို့နေကြ၏။

တစ်ဖြည်းဖြည်း နှင့် ပြေးရသည်မှာ အားမပါလာတော့။
မြေမှုန် မြေခဲ တွေ ဖွာခနဲဖွာ ဖွာခနဲကြား တွင် တစ်ကိုယ်လုံးနာကျင်လို့လာပြီ။
သစ်တောအုပ် တွေရိပ်ခနဲ ရိပ်ခနဲနှင့် အနောက်တွင် ကျန်ရစ်ခဲ့ကြသည်။

လက်လွှတ် ချလိုက်ချင်ပြီ။
အရာရာအားလုံးကိုလွှတ်ချ၍ ရပ်တန့်လိုက်ချင်မိပါပြီ။
သတ္တရသည် အနောက်ကို တစ်ချက်လှည့်ကြည့် လိုက်ပြီး မောဟိုက်လာ၏။
ပြီးတော့ပင်ပန်းကြီးစွာဖြစ်လာသည်။
အသက်ကိုပင်ရှူ၍ မရချင်တော့။

သေပင် သေပါစေ ပြေးနေရာမှရပ် တန့်၍ ဓားတစ်လက်ကို ဆွဲကိုင်ကာ တိုက်ခိုက်လိုစိတ်သာရှိတော့သည်။
သို့ပေမဲ့ ထိုစိတ်ကို သူထိန်းရပေမည်။
လွန်ခဲ့သော ရက် တွေက သူ့ရဲ့ ယခု လို ဖြစ်လာတဲ့ စိတ်ကြောင့် နာဂ နှင့်သူနဲ့ ခွဲခွာ ခဲ့ရသည် မဟုတ်ပါလား။
နာဂ ပို၍ ပင်ပန်းခဲ့ရသည် မဟုတ်ပါလား။
ထို့ကြောင့် အရှေ့ကိုသာ မာန်တင်း၍ ပြေးရတော့သည်။
အနောက် ဆီမှ ဂဠုန်တပ် ဖွဲ့မှာလဲ ညာသံပေး၍ သူတို့ နှင့် နီးသထက် နီးကပ်လို့ လာလေပြီ။
ကောင်းကင် ပေါ်မှ ဂဠုန် များကလဲမြေပြင်သို့ ထိုးစိုက်လို့လာပြီ။

"လိုက်ဟေ့!!! လိုက်ဟ!!!! မလွတ်စေနဲ့!!!! နာဂရာဇေ တို့ကို မလွတ်စေနဲ့!!!! "

နာဂသည် ထိုအသံတွေကိုကြားလေ သူ့ရဲ့လက်ကိုပို၍ တင်းအောင် ဆုပ် လေဖြစ်ကာ နှစ်ဆပို၍ အပြေးကိုမြန်စေပါသည်။
သည်အချိန် တွင် နာဂ အဘယ်ကြောင့် ပျံသန်းခြင်းစွမ်းအင်ကို မသုံးရသလဲ သူနားမလည်ပါ။
နတ်နဂါးတို့၏ အစွမ်းတွေထဲ တွင် ပျံသန်းနိုင်ခြင်းပါသည်ဟု တော့ သူမှတ်မိနေပါသေးသည်။
ပင်ပန်းလွန်းနေသော်လည်း ထိုအချက်ကိုကောင်းစွာ မှတ်မိနေပါသေးသည်။
သို့သော် နာဂလည်း အားအင် ကုန်ခမ်းလွန်းနေ၍ ကြောင့်သာဖြစ်ပေလိမ့်မည်။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now