ထိုထို သော သူ၏မျက်လုံးတွေပြာဝေ နေသည်။
နှုတ်ခမ်းသား တို့ တစ်စက်စက် တုန်ယင် နေ၏။
ခြေ ထောက် လက် နှင့် ခန္တာကိုယ် တစ်ခုလုံးသည် မိုးကြိုးစက်ကွင်း မလွတ်သူကဲ့သို့ အကြောဆွဲလျှက် ရှိနေကြပေသည်။မျက်ဝန်း တွေ နီရဲ နေသည်။
မျက်ခုံးများ က တော့ ဒေါသ၏ အရိပ်အယောင် ကို အစပြိုးလျှက် တွေ့နေရ၏။
စိတ်နှလုံး အတွင်းမှ ထိုးထွက်လာသော ဝမ်းနည်း ခြင်းတွေအား သူသည် ဒေါသ ဆိုသော အရာဖြင့်ဖုံးဖိ နိုင် ရန် ကြိုးစားသည်။
မျက်ရည် တွေအား ခံပြင်းစိတ်တွေဖြင့်သာ ထိန်းထား၏။စိတ်ပျက် အားလျော့ ခြင်းတွေကို လက် အတွင်းမှ သွေးစက် များဖြင့် ဆုပ်ကိုင် ထားသော ဓား ဆီ တွင် အထင်းသား မြင်ရ၏။
သူသည် ခြေထောက် နား ဆီမှ မြင်နေရသော အရာအား ဆက်၍ ကြည့်နိုင်စွမ်းမရှိတော့၍ မျက်ဝန်းတွေကိုမှိတ် ချလိုက်ချင်သည်။
သို့သော် သူ့ရဲ့ စိတ်အစဥ် က တစ်စက် ကလေးမှ ခွင့်မပြု။
နာကျင် ရဲ့သားနှင့် ထိုင်ကြည့် နေမိသည်။
ဒေါသ ဖြစ်နေသည့် ကြားမှ ပင် ဆက်၍ ကြည့်နေမိ၏။
တောင် တန်း တွေပေါ်မှ တိုက်ခတ်လာသော လေပြေ အေးသည် သူ့ရဲ့ စိတ်တွေကိုဖြည်ဆည် နိုင်အောင် စွမ်းဆောင် ၍ မရ။
အေးချမ်းအောင်လုပ်၍ မရ။
လေ ထဲ တွင် အခိုးအငွေ့တစ်ခုသဖွယ် ကခုန် မြူးတူး နေသော သူ့ရဲ့ နီရဲ တောက် နေသည့် ဆံပင် တွေလို လည်း လှုပ် ရှားအောင်ပြုလုပ်၍ မရပါ။
တစ်နည်းအားဖြင့် သူသည် ကျောက်ရုပ်ကြီး တစ်ရုပ် ဖြစ်နေပေပြီ။
လှုပ်ရှား ၍ မရသော ၊လှုပ်ရှား ခွင့်လဲ မရသော ကျောက်ရုပ် တစ်ခုသာ။"ရှင်းရန်..... စိတ်ကို ထိန်းပါကွာ.....
သင် အခုလို ဖြစ် နေတာ ပိုဆိုးလိမ့်မယ် ရှင်းရန်..... "သေနာပတိ ချုပ် တရန်း ၏ အားပေးစကား တွေသည် သူ့ရဲ့နားထဲ တွင် ဝင်တစ်ချက် မဝင်တစ်ချက်။
ဘေးပတ်ပတ်လည်ကိုဝေ့ဝဲကြည့်တော့ သူ့အား စိတ်မကောင်းဖြစ် နေသည့် မျက်လုံးများဖြင့်ကြည့်နေသောနာဂရာဇေ အရှင်ကိုမြင်ရသည်။
ထို့နောက် တော့ အရှင့်၏ လက် ထဲ တွင် ကိုယ့်စိတ်ကို မနည်းတည်ငြိမ် အောင်ထိန်း၍ အသက်ကိုခပ်ပြင်းပြင်းရှူရှိုက် နေသော ကြင်ယာတော် အရှင် သတ္တရ ရာဇေ ကိုလဲမြင်ရ၏။
သူ တို့ သူတို့၏ ဘေးတွင် တော့ မယုံကြည် နိုင်လွန်း၍ မေ့များ နေသလား ဟုပင် ထင် ရအောင်မလှုပ်မရှားနိုင်ဖြစ်နေသော "နန်းစောင့်အရှင်မ စောနန်းဇေယျာ" ကိုလဲမြင်ရပါသည်။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Ficción históricaဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...