မှုန်ပြာရီဝေလှသော ကောင်းကင် ပြင် တစ်လျှောက် အဖြူရောင်အခိုးအငွေ့တွေ့မှာရစ်သိုင်းလွှမ်းခြုံလျှက် ဇေယျာသိင်္ခ တစ်ပြည်လုံးကို မှိုင်းညို့ နေစေ၏။
အရှေ့ဘတ် တွင်" နန်းယဥ် တောင်"....
အနောက်ဘက် တွင် "သရန်မော တောင်".....
တောင်ဘက် တွင်" တိုင်းမြင်တောင်".....
မြောက်ဘက် တွင် တော့ "သူရိယမကိုဋ်" တောင်ထွတ်...တောင်ကြီးလေးတောင် ဝန်းပတ်ကာ ရံထားသော ဇေယျာသိင်္ခသည် ပုံမှန်ကို ပို၍ မှုန်ရီ နေစေသည်။
မဲမှောင် နေစေပါသည်။
တိုက်ခတ်လာသော မြောက်ပြန်လေ ညှင်းသွဲ့သွဲ့ကြောင့်လဲမြို့မှာကြည့် ရကတည်းက ထိုင်းမှိုင်းလေးလံကာ နေသလို။
ဒါမှမဟုတ် တစ်ခြားတိုင်းပြည် တစ်ခုအဖြစ် နှင်းမိုးတွေကြားမှာအလိုလို ပြောင်းလဲသွားသလို။အလို။
ပြောင်းလဲသလို လို ဆိုတာ မဟုတ်ဘူးပဲ။
တစ်ကယ်ကို ပြောင်းလဲသွားတာပါပေလား။
ကြည့်ပါလော့ ။
ရှုပါလော့။တိုင်းပြည် အဝင် ဝ ရွှေအိုရောင်မုခ်ဦး တံခါးကြီး ဆီမှာ ရှိနေသော အစောင့်အကြပ်တွေ၊
ထိုသူတို့ကိုင်ဆောင်ထားသော အလံတွေ။မဟုတ်ဘူးပဲ......
"ဇေယျာ သိင်္ခ ရွှေနိုင်ငံ" ရဲ့ အမြတ်တနိုး တန်ဖိုးထားရသော ရွှေရောင်အလံတွေမဟုတ်ပေဘူးပဲ။"ဟင်...... "
ကြာပွတ်သံတွေတစ်ရွှမ်းရွှမ်း၊
သွေးညှီနံ့တွေ တစ်လွှမ်းလွှမ်းနဲ့ပါလား။"အား...... "
မိန်းမ ကြီးငယ် တို့ရဲ့ ကမ္ဘာ ပျက်မတတ် အော်ဟစ်ငိုယိုသံတွေ။မိမိရဲ့ အိမ်သား။
ကိုးကွယ်အားထားရာ လင်ယောက်ကျား ကို ဖမ်းဆီးခေါ်ဆောင်သွား၍ ဝမ်းနည်းစွာ ငိုကြွေး နေသံတွေပါလား။"ေ-ာက်လုပ်ကို ကောင်းကောင်းမလုပ်ကြဘူးလား!!!! ဟမ်!!!! ဟမ်!!!! "
"အား!!! "
"ရွှီး !! ဖြောင်း!!! "
"သေစမ်း!!! သေစမ်း!!!!"ကြိမ်ဆူးနွယ် တို့ ရက်စက် စွာ တပ်ဆင် ထားသော ကြာပွတ် တွေရဲ့ အောက်မှာ နူးညံ့လှသော အရေခွံတွေမှာ ခွာလန်ပြဲ လျှက် သွေးတွေက ဖြန်းကနဲ နေအောင် တောင် ရဲ တက် လို့ပါလား။
ကလေးတွေရဲ့မျက်ရည် စက်တွေ။
ကြာပွတ်ကိုင် ဂဠုန် မျက်နှာဖုန်းစွပ်တွေ ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ကြားမှာ ဇေယျာသိင်္ခ တိုင်းသူပြည်သားတွေရဲ့ မျက်ရည် တွေ၊
နာကျင်မှုတွေ။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...