တိုက်ခတ် လာ သော လေပြည်၏ နွေးထွေး မှုကိုခံစားရသည်။
မြင်နေရသော စမ်းရေ အေးလေး ထဲ မှ ပန်းပွင့်ကြွေ လေးများ ၏ လန်းဆန်း မှုကို ရှူရှိုက် မိသည်။
ထိုလေပြည် ထဲ တွင် အမွှေးရနံ့ နှင့် တောရနံ့တို့ ပျံ့လွှင့် နေသည်။ကြည်ပြာရောင် စမ်းရေ ပေါက် များသည် စိမ်းညိုရောင် ကဗ္ဗလာ ကျောက် တုံး များ သို့ ကွေ့ကာဝိုက်ကာ နှင့် ပွတ်တိုက် နေပေသည်။
ပန်းရနံ့ များနှင့် ငါးငယ်လေး များ လှုပ်ရှား သည်ကိုထုတ်ချင်း ပေါက် မြင်ရနိုင်သည်။သူသည် ထို အရာ များကိုကြည့်၍ မပြုံးမိ။
မရယ်မိ။
စိတ်ထဲ မှာ ကြည် နူးစရာကောင်းလိုက်လေခြင်းဟုလည်းမခံစား မိပါ။
ထိုသို့ ဖြစ်ရမည့် အစားမျက်ရည် တို့သာကျချင်နေမိသည်။
လွမ်းမောချင်း ဆိုသည်ကို သာ မြင်ယောင် နေမိသည်။
ဟိုးအရင်က စမ်းရေကို တွေ့လျှင် မျက် နှာဆေးကြောလိုက်မည်။
ခန္တာကိုယ် ကို သန့်ရှင်းလတ်ဆတ် အောင် ပြုလိုက် မည်။
တောင်တန်း တွေ၏ မှုန်ရီ ဝေဝါးမှုကိုမြင်လျှင် လှပလိုက်တာဟူ၍ တွေးလိုက်မည်။လေပြေညှင်းကို ခံစားရပါလျှင် လန်းဆန်းသည်ဟူ၍ ရှူရှိုက်လိုက်မည်။
သည် မျှသာ ဖြစ်သည်။ယခုတော့ထိုသို့ မဟုတ်နိုင်တော့။
အလွမ်း ဆိုသည့် အရာကို ခံစား မိချိန် မှ စ၍
စမ်းရေ သည် ထိုသူ ၏ ဘဝ ဖြစ်စဥ် တွေ ဖြစ်သည်။
ကြည်ပြာရောင်သည် ထိုသူ၏ နှုတ်ခမ်း တို့ တွန့်ကွေးခြင်း ဖြစ်သည်။
တောင်တန်းတို့သည် ထို သူ ၏ ကြံ့ခိုင်သန်မာခြင်းဖြစ်သည်။
လေပြေညှင်း ကိုယ် တိုင် မှာမူ ထို သူ၏ သူ့အနား မှာ ရှိ ခဲ့သော အချိန် တွေဖြစ် တော့သည်။သူ့မျက်လုံးထဲ တွင် မိုး ရွာတော့မည်။
မျက်ရည် မိုးများ ရွာတော့မည်။
ယောက်ကျားသား တစ်ဦးနှင့်မလိုက်ဖက်သော မျက်ရည် များ။
သေနာပတိချုပ်တစ်ဦးအနေနှင့် မကျသင့်သောမျက်ရည် များ။
သည်သို့ဖြစ်နေသည် မှာ ဘယ်အချိန်ကတည်းက ပါနည်း။ဖြတ်ထားသော လက်ချောင်း လေးကိုပြန်ငုံ့ကြည့်လိုက် မိ၏။
မည်သည့် အချိန်ကတည်းက ကျချင်နေမှန်းမသိသော မျက်ရည် တွေကြောင့် ထိုလက်ချောင်းလေး စိုစွတ်သွားသည်။
ပြောရမည် ဆိုလျှင် တော့ သူ့ရဲ့ မပျော်ရွှင် နိုင်မှု တွေသည် ထိုအချိန်ကတည်းကစတင်သည်။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Fiction Historiqueဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...