Season 1 End - Part 45(U)

1.1K 49 7
                                    

နန်းမြို့ရိုး ထက် ဆီမှ မင်္ဂလာ ပဟိုရ် စည် သံကို ကြားရသည်။
မြို့ထဲ ရှိ လူတို့ မှာ ထိုအသံကြောင့်ပျော်ရွှင်နေကြ၏။
တစ်ချို့ များဆိုလျှင် ထ တောင် ကသည့် လူလဲ ရှိပါသည်။
သူတို့ ဒီနေ့ သည်အသံ ကြောင့် ဘာမှ မလုပ် ပဲနေ၍ ရတော့မည်ကိုး။
သူတို့ ပထမဦးဆုံးအကြိမ်အဖြစ် အနား ရကြတော့မည်ကိုး။
သူတို့ အစားအစာဝတလင်လင် စားခွင့်ရကြတော့မည်ကိုး။

သို့သော် သူတို့နှင့် ဆန့်ကျင် ဘက် အလွန် ဆွေးမြေ့ဝမ်းနည်း နေသူ တစ်ဦးလဲ ရှိပါ၏။
သူမသည်  ကြေးမုံ ထက်တွင် ပုံရိပ် ထင် နေသော ကိုယ့်ရဲ့တစ်ကိုယ် လုံးကို အံကြိတ်ကာ ကြည့် ရင်း ကျချင် လာသော မျက်ရည် တို့ကို ထိန်းထား နေရသည်။
အဲ့သည် အစား လက်သီးကို သာဆုပ်ထား ရ၏။

သူမကိုယ်သူမ ခဏခဏ သတိ ပြန်ပေးနေရသည်။
ခဏခဏ ပြန်ပြောနေရ၏။
ပျော့ညံ့ နေ၍ မဖြစ် ပါ။ မာကျော ရမည်။
သူမ အတတ်နိင်ဆုံး မာကျော ထားရမည်။
မျက်ရည် အားလက်နက် တစ်ခု အဖြစ်ပြောင်းလဲ ပြစ်ရမည်။
ဒီကမ္ဘာလောကကြီးပေါ်ရှိ အပြင်းထန် ဆုံးသော လက်နက် တစ်ခုအဖြစ်။

"ရှင်မ ရယ် လှပ လိုက်တာ…… "

သူမ ရဲ့နောက်ကျော မှ အသံတစ်ခု ထွက်လာ၏။
စက်စုပ် စွာ နှင့်ပဲ ထို သူကို မကြည့် နိုင်စွာ မျက် နှာကို လွှဲလိုက်သည်။
ကြေးမုံထဲ မှ အလှပ ဆုံးဖြစ်နေသော သူမ ၏ အရိပ်သည် သူမ ကို လှောင်ရယ် နေသည်။
ဟားတိုက် ရယ် မော လို့နေသည်။
တောက်ပြောင် နေသော နန်းစဥ် ရတနာ များက သူမ ဒီလို ဖြစ် နေပုံကို ကျေနပ် အားရလွန်း နေကြပါသည်။

ဘုရင့် သမီးတော် တစ်ပင်တိုင် မင်းသမီး
န္ရီ သိင်္ဒ နှင့် သမက် တော် နာရာဇ ခင်းယျန် ၏ လက်ထပ် မင်္ဂလာ အခမ်းအနား။

မုန်းသည် ။ ဖြစ်နိုင်လျှင် ထွက်ပြေးသွားလိုက်ချင်သည်။
သို့သော် ဒီလမ်းကို လျှောက်လှမ်းလာသူက သူမကိုယ် တိုင် ဖြစ်သည် မို့ ဘယ်ကို မှ သွား၍ မရ။
အဆုံးအထိ ဆက်လျှောက် ရမည်။
မုန်းတီး နေလဲအံကြိတ်ထားရမည်။ စက်စုပ် လဲ မျက်နှာ လွှဲထား ရပေတော့မည်။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now