Season 2- Part 19(U)

398 27 13
                                    

"ဘယ် ဘယ်လို ပြော ပြောလိုက်တာပါလဲ ဘု ဘုရား…… "

ဂါတ္တရ ၏ အသံတို့က တိုးတိတ် တုန်ယင်စွာ ထွက်ပေါ်နေသည်။
နာဂရာဇေ အရှင်ကတော့ ဘာကို မှ ဂရု မစိုက်သကဲ့သို့ ရဲရင့် သောမျက်လုံးအစုံဖြင့် အကြည့်မလွှဲပဲရှိနေဆဲပါပင်။
နန်းသျှင် ဇေယျာ ကိိုယ်တိုင်ပင် ထို သို့ အချိန်ကိုအလွန်တစ်ရာအံ့ဩ၍ ခေတ္တမျှ ကြောင်အသွားရသည်။ သို့သော် အသိစိတ် ဝင်လာချိန် တွင်တော့ အလိုလို နှုတ်မှ တား ပြီးသားပင်။

"မ မဖြစ်ပါဘူး နောင်တော် နာဂရာဇေ နန်းအရှင်……နာ ဂါနာဂန္တ ဟာ အရှင့် ရဲ့လက်အောက် မှာပဲ ထည်ဝါစွာနှင့်ရှိနေနိုင်မှာပါ…… "

နာဂရာဇေ နန်းအရှင် မျက်လုံးတွေစူးရဲလာသည်။ အသက်ရှူသံတွေပြင်းလာ၏။ မရိတ်မသင်ပဲထားသောကြောင့် နှုတ်ခမ်းမွှေး ပါးမြိုင်းမွေး တို့ မှာ ပြတ်သားစွာနှင့် အမိန့်စကားတို့အားပြောနိုင်သောနှုတ်ခမ်းတို့ကိုပင်ဖုန်းအုပ်ထားလေပြီ။
ချောင်ကျနေသောမျက်နှာတော် နှင့် လျော့ရဲနေသော အသား အရည် တို့က အရင် တစ်ချိန်က အလွန်တစ်ရာ မှခန့်ညားလှပါသော နာဂရာဇေ အရှင်ဟု ပြောရန်ပင် ခက်လှ၏။ တိတိရိရိဖြတ်ကာထားသော ငွေရောင် ဆံမြတ်တို့မှာမူ လည်ပင်းတစ်ဝိုက် တွင်ပင် ရှုပ်ပွ ပြန်ကြဲ လျှက်ပြုတ်ကျလို့နေကြသည်။
ဝတတ်ဆင်ထားသော အဖြူစွတ်စွတ်ဝတ်ရုံ သည် မလဲလှယ် မပြင်ဆင်သောကြောင့် တောက်ပခြင်းမရှိတော့ပေ။
တစ်ကိုယ်လုံးတွင် နာဂရာဇေ အရှင်အဖြစ် အသိအမှတ်ပြုရန်မှာဝတ်ဆင်ထားသည့် ရွှေရောင် ငုဝါပန်းခက် သဏ္ဍာန် နဂါးရစ်ဦးကင်းသာ ကျန်ပေတော့သည်။
စိတ်မကောင်းဖြစ်လွန်းလှစွာ တစ်ချက်မျှ ကြည့်လိုက်ရင်း ထပ်၍ တောင်းဆို လိုက်မိပြန်ပါသည်။

"နောင်တော် နန်းအရှင် ဇေယျာ သိင်္ခ မှာ ပဲ မစံမြန်းသင့်ပါဘူး…… နာဂါနာဂန္တကို ပြစ်ထားတာ မည်မျှ ကြာပြီလဲ….. ပြန်သင့်ပါတယ်….. ကျွန်ုပ် ရဲ့ ကျွန်ုပ်ရဲ့ နတ်ရွာစံ နောင်တော်ကြီးဟာ သည်လိုအဖြစ်မျိုး သည်လိုအဖြစ်မျိုးကို…… "

"တန်ပါတော့ ညီတော် နန်းအရှင်‼ ကျွန်ုပ် ကို သည်ကိစ္စ တွေ ဘယ်လို မှထပ်ပြောဖို့ မလိုဘူး…… ကျွန်ုပ် နာဂါနာဂန္တကို ပြန်ရင် ဘယ်လို လုပ် ဘယ်လိုလုပ် သူ့ကို သူ့ကို ရှာလို့ရနိုင်ပါ့မလဲ….. ဘယ်လို လုပ်ပြီးတော့ ဘယ်လိုလုပ်ပြီးတော့လဲ……
ကျွန်ုပ် ရဲ့ နှလုံးသားတွေဟာ မီးကျီးဖိုထဲက မီးခဲ ထင်းတုံးတွေလို ပူနေပြီ…. လောင်မြိုက် နေပြီ…… သူ သူကျွန်ုပ်ကိုပြော ခဲ့တယ်….. စောင့်နေလို့…. သူပြန် ပြန်လာခဲ့မယ် လို့….. ကျွန်ုပ် နာဂါနာဂန္တကို မပြန်နိုင်ဘူး….. အဲ့သည့် ထီးနန်းကိုလဲ အလိုမရှိပေဘူး…..
ကျွန်ုပ် ရဲ့ ကျွန်ုပ် ရဲ့ သတ္တရ က  သည်လိုထီးနန်းတွေကိုသိပ်ပြီးတော့ မုန်းတီးခဲ့တယ်…..ကျွန်ုပ် က အဲ့သည့် ထီးနန်းကိုကယ်ဖို့အတွက် သူ့ကို စွန့်လွှတ်ခဲ့ရတာ ....
ကျွန်ုပ် ကျွန်ုပ် အဲ့သည့်ထီးနန်းကို မယူနိုင်ဘူး‼! "

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now