"ကဲအထဲကို ဝင်ပြီးတော့သင့်ရာ နေရာကိုယူကြပါ......
ဒီနေရာ အထိ လာဖို့ ကျွန်ုပ်က လက်ခံတယ် ဆိုမှ တော့ အနည်းအကျဥ်းတော့ ညှိယူလိုတဲ့ အချက် ကလေးတွေရှိလို့ပါပဲ......
ထိုင်ကြပါ ထိုင်ကြ....... "သတ္တရသည် အရှေ့ ဆီတွင် မိန့်မိန့်ကြီး ထိုင်ကာ သူနှင့် နာဂအား အေးအေးသက်သာပြောနေသော ရန်ကိုကြည့် ၍ အံ့ဩခြင်းမက အံ့ဩခြင်းဖြစ်ရ၏။
အံ့ဩသည် ဆိုသည် မှာ လဲ ရန်ကို မဟုတ်ပါ။
သူ၏ အိမ်ဟု ပြောသော အပြာရောင် ရေတံခွန် အောက် ရှိ ဂူ အတွင်း မှ တောက်ပြောင်လှပလှသည့် နန်းဆောင် ကိုကြည့်၍ ဖြစ်ပါသည်။
အဲ့တာကလဲသူတစ်ဦးတည်း မဟုတ်။
အဘမုန်းနှင့်နာဂသည်လည်း ထိုအတိုင်းသာ။အစက ပုံမှာန် မျိုးနွယ်စု တစ်စုတွင် ဤမျှလောက်ခမ်းနားသည့် နန်းဆောင်တစ်ခုရှိနေမှန်း မထင်ထားမိခဲ့။
ယခုတော့ဖြင့် မြင်နေ၍သာ ယုံနေရသည်။
သူများ ပြောစကားချည်းသာ ဆိုလျှင် ချဲ့ပြောနေသည်ဟုပင် ထင်မည်ဖြစ်ပါသည်။ကြည့်လိုက်တိုင်း ကြည်ပြာရောင် တို့သည်သာ အခန်းတစ်ခုလုံးကိုအုပ်စိုးထား၏။
လင်းလက် တောက်ပ ကာ ဖိတ်ဖိတ် တောက်နေသလို ခံစား နေရပါသည်။
သုံးထားသော ပစ္စည်းများမှာလည်း နီလာများ သီးသန့်သာ၊နီလာစားပွဲ၊ နီလာ ကြမ်းပြင်၊ နီလာ လိုက်ကာစတို့သာပင်။ အပြာရောင်က အေးချမ်းစွာ သူတို့ကိုလွှမ်းအုပ်ထား၏။
ရေတံခွန်ဆီမှ ရေစီးသံတို့က အလွန်သာယာစွာ နားအတွင်းသို့ဝင်ရောက်နေကြသည်။
နာဂက သူ့၏ လက်ကို အသာ အယာကုပ်ရင်းနားနားကို တိုးတိုးကပ်ကာပြော သည်။"အချစ်..... သည် အိမ်က တစ်ကယ် ကို ရင်သပ်ရှုမောဖွယ်ပဲ...... ကျွန်ုပ်တို့ ရဲ့ အိမ်သာဖြစ်လိုက်ရင် ကောင်းမယ်......
အတင်းအဓမ္မ ဓားပြ တိုက်လိုက် ချင် စိတ် တွေတောင်ပေါက်လာတယ်......"ကလေးတစ်ယောက်လို လိုချင်တာ မရ၍ မချိတင်ကဲ ပြောလိုက် သည့်နာဂကို ကြည့်ကာ သူသည် ချစ်မြတ်နိုးလွန်းစွာ ပြုံးမိလိုက်ပါတော့သည်။
နာဂပြောမည်ဆိုရင်လည်းပြောချင်စရာကောင်းပါ၏။
ရေတံခွန်၏ အနောက် ဆီတွင် လစ်ဟ နေသော ရေပါးသည့် နေရာ လေးတစ်ခု မှ ဂူ အောက် ဆီသို့ ဝင် ခဲ့ရသည်။
အထဲ တွင်သူတို့ကိုကြိုဆိုနေသည်က ဖိတ်ဖိတ်တောက် အောင် လှပ နေသော နီလာ တို့နှင့် အပြာရောင်သလင်းကျောက် နန်းဆောင်တစ် ခုပင်။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...