Season 1- Part 32(U)

599 53 8
                                    

ညရဲ့ အမှောင်ယံသည် တောက်ပြောင်လင်းလက်လျှက်ရှိလှသည်။
လပြည့်ည မဟုတ် သော်ငြား၊
ကြယ် ရောင် တို့ မရှိသော်ငြား၊
ကောင်းကင် ကျယ်သည် သူ့၏ ထွန်းလင်းမှုကို သူကိုယ် တိုင် ဆောင်ယူထားလေသည်။ အရမ်းကြီး မဲမှောင် ၍ မနေပါ။
ဆိုခဲ့ပြီးသည် ဖြစ်သည့် အတိုင်း အတန်အသင့်တော့ ထွန်းလင်းလို့ နေ၏။
ဒါသည် အဘယ့်ကြောင့်ပါနည်း။

ဇေယျာသိင်္ခ မြေပြင်ကျယ် ဆီမှ ထွက်ပေါ် နေသော မီးတုတ် မီးတိုင် များ၏ အလင်းကြောင့်ပေလား။
ထိုသို့ တည်းမဟုတ် မမြင် ကွယ် ရာသော နေရာတွင် လမင်း ကလေးများရှိနေ၍ ကောင်းကင် ကြီးသည် ထိန်လင်း နေရခြင်းပေလား။
ထိုလမင်းကလေးကိုများ သူတို့ မမြင်ရလေသလား။

သို့ပေမဲ့ပြော စရာ တော့တစ်ခု ရှိလှပါသည်။
ကောင်းကင် ကသာ ထိန်လင်း နေခြင်းပါ။
ဇေယျာသိင်္ခ မြေပြင်ကတော့ မှေးမှိန်လျှက် ရှိနေသည်။
မီးတုတ် မီးတိုင် တွေသည် အပြင် ဘက် တွင်သာ ထိန်တောက်ပါသော်လည်း တိုင်းသူပြည်သားတွေ ၏ စိတ် တွေမှာတော့ အမိုက်မှောင် ကျသကဲ့ သို့ မှေးမှိန်လျှက် ရှိနေကြသည်။
ကြောက်ရွံ့လို့ နေကြသည်။

ကြောက်လဲကြောက်စရာပါပင်။
သူတို့ အလွန်အမင်းအားကိုး ကြသော ဇေယျာသိင်္ခ နန်းမိသားစု အတွင်းမှ သစ္စာ ကြီးလှပါသည် ဆိုသော အိမ်ရှေ့စံ နန်းသျှင် ဇေယျာသည် ဇေယျာသိင်္ခ ကိုသစ္စာဖောက်သွားပြီမဟုတ်ပါလား။
ရှေ့လျှောက် သူတို့တိုင်းသူပြည်သားများ၏ ဘဝသည် မည်ကဲ့သို့ဖြစ်ကြတော့မည်နည်း။
ဇေယျာသိင်္ခ နန်းမိသားစု ကရော ယခုလို တစ်ယောက်ပြီးတစ်ယောက် လက်လျှော့ ကုန်ကြတော့ မှာလား။
သူတို့ကို စွန့်ပြစ်တော့မှာလား။ သူတို့ကိုမကယ်ဆယ်နိုင်ကြတော့ဘူးလား။

စုံလင် လှသော အတွေးမျှင်တန်းများနှင့် အတူ သူတို့သည် ခါတိုင်းထက်ကို နှစ်ဆ ပိုပင်ပန်း နေကြပါသည်။
ပို၍လဲ ကြောက်ရွံ့ခြင်းဖြစ်ကြကုန်၏။

ထို့ကြောင့် ဇေယျာသိင်္ခ ရဲ့ မြေပြင်သည် မထွန်းလင်းနိုင်ခြင်းပင်ဖြစ်တော့သည်။
ထိုသို့သော မြေပြင်ကို နန်းသျှင် ဇေယျာ သည် နေထိုင်နေရသော မခမ်းနားလှသည့် အဆောင် အတွင်း ရှိ လေသာပြတင်း ဆီမှ ထွက်ကာ မျှော် ငေးကြည့် နေမိပါသည်။
အဝေး ဆီမှ သူရိယမကိုဋ် တောင်ထွတ်ကိုမြင်နေရသည်။
ထို့နောက် သူတို့ ပုန်းခို ခိုလှုံခဲ့ရသော တောအုပ်ကလေးကိုလဲ အဖြူရောင် မြူနှင်းများအောက် တွင် မှုန်ပြပြလှမ်း၍ မြင်ရပါသည်။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now