"ကလောင် ! ကလောင် ! ကလောင် ! "
"ချွင်! ချွင်!! "
အနောက်ဂေါယာကျွန်းသို့ နေလုံး တိုးသျှိုးပျောက်ကွယ် သွားချိန် တွင် သာယာတည်ငြိမ်သော ခေါင်းလောင်းသံ တို့က နေရာတစ်ခု ဆီမှ ပျံ့လွင့်ထွက်ပေါ်လာ၏။ ထိုအသံ သည် လှုပ်ရှားစည်ပင်နေသော မြို့ကြီးတစ်မြို့ အား ငြိမ်သက်သွားစေသည်။
မကြာခင် လင်းအာရုံချုပ်ငြိမ်းလို့ အမှောင် တိုက်သို့ ဝင်ရောက် တော့မည် ဟုသတိပေးနေ၏။
ဝါရွှေရောင် ဖြစ်သော မြေသားလမ်းများပေါ်တွင် အဖြူရောင် အပြာရောင် အနက် ရောင် တို့သည် အရောင်အသွေးစုံလင်စွာ လှုပ်ရှားလို့သွားလာနေကြသည်။ထို အရောင် အသွေး များသည် ဖြူဝါသော အသားအရည် များ၊ ညိုညက် သော အသားအရည် များ အပေါ် တွင် လိုက်ဖက် ညီလှစွာ။
မြေပြင်နှင့် ခြေဖုဝါးများတစ်ချက်စီ ထိတွေ့တိုင်း ထိုအရောင်စများ လေထဲ တွင် လွင့်နေကြသည်။ ကျေးငှက်တို့ နှင့် အပြိုင် ဟို မှ သည်မှ ပျံသန်းနေကြ၏။ထိုအရောင်များကို လှုပ်ရှားစေသူ လူများ၏
ဝတ်ရုံ များသည် အရောင်အသွေးစုံလင်ကြသော်လည်း ခါးပေါ် တွင် ပိုးချုပ် အဝတ်ကို ပတ်ထားကြသည်မှာတော့ တူညီကြပါပေသည်။
သူတို့ တစ်နေရာ ဆီသို့ သွားနေကြသည်။မတူညီသော လမ်းခွဲများ။ ပုဇွန်ဆီရောင်ကောင်းကင် ကြီးနောက်ခံ ထား၍ ကောင်းကင်ပေါ်သို့ ထည်ဝါစွာထိုးထွက် နေသည့် ပုထိုးတော်ကြီးဆီသို့လား။ ဒါမှမဟုတ် လမ်းဘေး တစ်ဖက်တစ်ချက် ဆီတွင် ညီညာစွာ တည်ရှိနေကြသော ဖြူလွှလွှ တဲအိမ်ငယ်လေးများဆီသို့လား။
ဒါမှမဟုတ်ရင်လည်း မြို့တော် အပြင်သို့ ထွက်သည့် မြေနီရောင် အုတ် တံခါးပေါက်များ ဆီသို့ လေလား။မည်သို့ပင်ဖြစ်ပါစေ ထိုမြေဝါရောင်လမ်းများပေါ် မှ မျက်နှာ များသည် မာန်မာ န ကင်း ၍ အေးချမ်းလှသည်။ ဦးခေါင်းပေါ်တွင်ရွှေပန်းခြယ်ဦးထုတ် ၊ ပိန်ညင်းတောင်စိုက်၍ ရတနာ ကျောက်မျက်စီဦးထုတ်တို့ကိုဝတ်ဆင်ထားကြသည်။ (ကိုးကား ။ ပျူတွေဘယ်ပျောက်သွားသလဲ ဆရာကြီးဒေါက်တာသန်းထွန်း )
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...