"တိခန် နန်းဒယန်း သိသျှ စန္ဒရီ သိင်္ဒ..... "
"ဟင်!! "
မြောက်ပြင်စု ရွာဟု ခေါ်ဆိုကြသည့် မြောက်ဘက် အကျဆုံးရွာငယ်ကလေး ရှိ တဲအိမ်လေးတစ်ခု တွင် သတ္တရ ဇေယျာ နှင့် တရန်းဇေယျာ တို့ နှစ်ယောက် သည် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိအောင်ဖြစ်နေသည် ဆိုပါလျှင် မည်သူယုံကြမည်နည်း။
မယုံမကြည် နိုင်ပဲ အိမ်မက် ဟုသာ ထင် နေကြသည် ဟု ပြောရင် ရောမည်သူ က ယုံကြ မည်နည်း။သို့ပေမဲ့လို ယုံကိုယုံရမည့် အခြေအနေပါ။
သတ္တရ ဇေယျာ သည် အရှေ့ ဆီမှ သူနှင့်
"တရန်း"အား ခပ်အေးအေးကြည့်လျှက် ဂဠုန်စကားဖြင့်ပြောဆိုနေသော မိန်းငယ် တစ်ဦးကို မြင် တွေ့ရခိုက် တွင် ထွက်ပဲ ပြေးရတော့မလိုလို ဓားနှင့်ပဲပြေးပိုင်းရတော့မလို လိုဖြစ်နေမိတော့သည်။
တရန်းမှာတော့ ဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ကာထားရင်း သူ့ရဲ့အရှေ့ ဆီမှ ကာကွယ်ပေးလို့ ထား၏။
ဘာတွေ ဖြစ် နေခြင်းပါနည်း။ ကိုယ့်မျက်စိကိုယ်တောင် မယုံချင်တော့ပြီ။"စန္ဒရီသိဒ္ဒိပါ သတ္တရဇေယျာ အရှင်...... "
အခြေအနေကို ပိုမိုပြီး တင်းမာအောင် ပြုလုပ်လိုက်သည် မှာ ထပ်ထွက်လာသော သူမရဲ့ စကားပင် ဖြစ်ပါသည်။
သူသည် လက်ထဲ တွင် ဓားကိုဝင့်လျှက် တရန်းကိုဘေးဖယ်စေလိုက်ရင်း စန္ဒရီ သိဒ္ဒိ ရဲ့ ရင်ဝတည့်တည့်အားဓားဖြင့်ထောက်ထားလိုက်သည်။
သူမ က အေးအေး ဆေးဆေး ပင် ဘေးရှိ အစောင့်ဖြစ်ဟန် တူသော အမည်းရောင်အုပ်လူအား လက်ကာပြလျှက် တဲအပြင်သို့ ထွက်သွားစေရန် အမူအရာ ပြ၏။
ထိုသူမှာ ဦးခေါင်းကိုညွှတ်လျှက် မည်သည့် စကားမှ မဆိုတော့ပဲ ထွက်သွားလေသည်။မကြာလိုက် တံခါးပိတ်သံကိုပြန်ကြားရပြီး တဲအိမ် အတွင်းတွင် ယောက်ကျား ရင့်မာကြီးနှစ်ယောက်နှင့် နုနယ် ပျိုမြစ် လှသော သူမ သာ ကျန်ရှိတော့သည်။
သူမ က ဓားကိုင်ထားသော သူ့ရဲ့လက်တွေကိုကြည့်ကာ တိုးတိုးညှင်သာစွာ ပြုံးရယ်၏။သူ့စိတ်ထင် နေတာပဲလားတော့မသိပေမဲ့ သူမရဲ့အပြုံး တွေသည် ကြောက်စရာအသွင်ကိုမဆောင်သလို ညိုးလျော် နွမ်းလျှနေပုံလဲ ပေါ်ပါသည်။
သူမကို ယုံကြည်လို့ရမည်ဟုလည်း ပြောပြနေကြ၏။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...