"အရှင် !! အရှင် အားတင်း ထားပါ!!!! အားတင်း ထားပါ အရှင်!!! အကျွန်တို့ အကျွန်တို့ ရောက်တော့မှာပါအရှင်.... "
လေကြမ်းရမ်းတို့ဝဲသီလို့ လာသော အေးစက်နာကျင်လှသည့် ခံစားမှုတွေ နောက်ဝယ် ကြားနေရသော ဂန္ဓရီ ဇေယျာ ရဲ့ အသံတို့ မှာ တိုးတစ်ခါမှိန်တစ်လှည့်။
ပျော့တစ်ခါမာတစ်လှည့်နှင့်။ဓမ္မ သတ္တိ ဇေယျာ မင်းမြတ် ရင်ဘတ် ဆီမှ တစ်တောက်တောက် ဆီးကာကျနေသော သွေးစက် တို့ကြောင့် နာကျင်လွန်းလှပြီ။
အားအင် တွေလဲ ကုန်ခန်းလှပါပြီ။
ခြောက်ကပ် လို့နေသော အာခေါင် တစ်လျှောက် နှင့် လေတိုက်လိုက်တိုင်းပါလာသော သဲမှုန် တို့က သွေးသံရဲရဲ နှင့်မြှားဒဏ်ရာ ကို တစ်ဆစ်ဆစ်ကိုက်ခဲစေ၏။
ပြာဝေနေသော မျက်လုံးတို့ ရဲ့ အမြင် တို့မှာ ဂဠုန်သိင်္ဒ နိုင်ငံတော် ရဲ့ ခရမ်းရောင် အလံအား အပြာရောင် ပြောင်းစေသည်။
ဂန္ဓရီ ရဲ့ ပုခုံးထက်မှာ နာကျင်လွန်းလှသော သည် ခန္တာကိုယ်ကြီးအားမှီတွယ် ထားရင်းသာ တစ်လှမ်းခြင်း တစ်လှမ်းခြင်း..."တိခွန်း!!!!!!(ဘယ်သူပေလဲ) "
(ဂဠုန် နိုင်ငံ တော် ရဲ့ ပြောစကားများကို ဖတ်ရသူများစိတ်အနှောက်အယှက်ဖြစ်မည် ဆိုး၍ မြန်မာလိုပဲရေးသားဖော်ပြသွားပါမည်)
(စာရေးသူ)ကောင်းကင် ထက်မှ ထိုးထွက်လာသော အသံကြီး တစ်ခုကို ကြားလိုက်ရပြီး နောက်တွင်တော့ သူ့ရဲ့ ခြေထောက်တွေမှာဆက်၍ မတင်းနိုင်တော့စွာ ပုံရက်သားလဲကျသွားရရင်းပင် ပြာနုနု မိုးသားတို့ နှင့် ထိတွေ့မိတ်ဆတ်လို့သွားလေတော့သည်။
နားထဲတွင် ဂန္ဓရီ ဇေယျာရဲ့ ဝမ်းသာ အယ်လဲ ပြောကြားသံမှအပ ဘာကိုမှ ဆက်၍ အာရုံ မစိုက်နိုင်တော့...."ခွန်း သပ် နိုင်းယံ ... ဓမ္မသတ္တိဇေယျာ ခမ်န ....
သုံသင်း ကန်း မိုင်ဆလာရ!!!
ခမ်န မိုင်ခွန်!!!! "
(လူမျိုးနွယ် ရဲ့ အရှင်သခင် ဓမ္မသတ္တဇေယျာ မင်းမြတ် ကြွချီလာခြင်းပါ... ဒဏ်ရာ အပြင်းအထန် ရထားပါတယ်...
ဂဠုန်သိင်္ဒ မင်းမြတ် နှင့် တွေ့ခွင့်ရချင်ပါတယ်..)"ရွှီး!!! ဖောင်း!!!! "
ပြာဝေ စွာကြည့်နေသော ကောင်းကင် ယံ ထက်ဝယ် နေအလင်းတစ်သန်းပေါက်ကွဲသွားသလို လင်းလက်မှုတို့ကိုမြင်လိုက်ရ၏။
အသံနက်ကြီးတစ်ခုအား အတွင်းမှ ကြားလိုက်ရပြီးနောက်ဝယ် သူ့ရဲ့ အသိအာရုံ တွေမှာ ကျန်ရစ်လို့နေသော ဇေယျာသိင်္ခ ဆီသို့သာ....
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...