Seasson 1- Part 29(U)

764 69 3
                                    

အဝါရောင် ဆီမီးတိုင် ဆီမှ ဝါကျင့်ကျင့် မီးရောင် တွေက သျှံကာ ကျနေ၏။
သလင်းကျောက် အဖြူရောင် များဖြင့် ဖွဲ့စည်း တည်ဆောက် ထားသော အခန်းငယ်လေးသည် အေးချမ်း လှကာ သပ်ရပ် တောက်ပ လွန်းနေသည်။

သို့ပါသော်လည်း အထီးကျန် ခြင်းကတော့ လွှမ်းမိုး ချုပ်ကိုင် နေ၏။
မကြာခင် ကညင် ဆီမီးတိုင်ဆီမှ အလင်းရောင်ခြည် သည်လည်း ဖြာဖြာ ဆင်းလျှက် မှေးမှိန်ပေတော့မည်။

ဇေယျာသိင်္ခ ရွှေနန်းတော် တစ်ခုလုံးသည် ထို အခန်းလေးအား သတိဟူ၍ ထားရှိခြင်း မရှိပါပဲ ပြုမဲ့ကိစ္စရပ် တွေအား ပုံမှန် ပြုလုပ် နေကြ၏။ အခန်းလေးကို လျစ်လျူရှုနေကြသည်။

အခန်းလေး အတွင်း ရှိ မျက်နှာချင်းဆိုင် ထိုင် နေသော ယောက်ကျား သားနှစ်ဦးကိုရော အခန်း၏ ပုံမှန် မဟုတ်ပဲ အသက်ရှူသံ ပိုနေသော အနေအထားကိုရော ရိပ်မိကြပုံမပေါ်ပါပေ။

ထို အခန်း လေး ထဲ မှာ တော့ အထက် တွင် ဆိုခဲ့သည် ဖြစ်သည့် အတိုင်း ယောက်ကျားသားနှစ်ဦးမှာတစ်ဦးနှင့်တစ်ဦးမျက်နှာ ချင်းဆိုင်လျှက် ရှိနေပါ၏။
ထို့နောက် တိုးတိတ်စွာ လေသံမျှဖြင့် တစ်စုံတစ်ခုအားပြောဆိုခြင်းပြုနေကြလေသည်။

"ညီ တော် ပြော နေတဲ့ ဆရာကြီး ယောဇယံဆိုတာ ဘယ်သူများလဲ........ "

"ဒီဇေယျာသိင်္ခ ရဲ့ အထင်ကရ ပညာတတ်ပုဂ္ဂိုလ် ကြီးပေါ့ နောင်တော်ငယ်ရယ်......
ဒါပေမဲ့ မျက်ကွယ်ပြုသွားခဲ့တာကြာပါပြီ......."

တိုးတိတ်စွာပြောလိုက်သော ထိုစကားကြောင့် နောင်တော်ငယ် ဆိုသူ မှာ ခေါင်းကိုကုတ်လိုက်ပြီး စိတ်ရှုပ်ထွေးသွားဟန်ဖြင့် အပြင်ဘက်ကို ခိုးကြောင်ခိုးဝှက်ကြည့်လေသည်။

"အဲ့တာဆိုရင် ကျွန်ုပ် တို့က အခုဘယ်လို ဆက်လုပ်ကြမှာလဲ........ "

"ဘာလုပ် ရမလဲ နောင်တော် ငယ် ညီတော် တို့ ပြန်မှဖြစ်မယ်........"

"ဘာ ဘာဖြစ်လို့လဲ ကျွန်ုပ် တို့က စုံစမ်း ခြင်းပြု ဖို့ လာတာလေ ..... ဒီအတိုင်း ပြန်မယ် ဆိုရင် ဘာမှလဲ မသိလိုက်ရပဲ နဲ့ ဖြစ်နေမှာပေါ့........ "

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now