[ 3 ]

5.2K 682 11
                                    

Unicode

ညဘက်နောက်ကျသည်အထိ ဝမ်ကျားနင်
စူးရှန်ကို ဘားမှာ ထိုင်စောင့်နေခဲ့သည်။ အလုပ်ကိစ္စတွေပြီးတော့မှ စူးရှန်က သူ့ကို ကားဖြင့် ပြန်လိုက်ပို့လေ၏။

ဝမ်ကျားနင် သူ့ကိုယ်သူ စိတ်ငြိမ်ငြိမ်မထားနိုင်သေးမှန်း သိသည်။ သူ့မှာ လုပ်စရာ
ဘာမှမရှိဘူးဆိုရင်တော့ လက်ရှိခန္ဓာကိုယ်ကို သိပ်ဂရုစိုက်ပေးမိလိမ့်မည်။ အကျိုးအမြတ်တွေ၊ ဆုံးရှုံး‌မှုတွေအကြောင်းပြောရလျှင်
ဝမ်ကျားနင်သည် ငွေ၊ အဆင့်အတန်း၊ နောက်ခံအသိုင်းအဝိုင်းနှင့်ဂုဏ်ပုဒ်ကို ဆုံးရှုံးသွားခဲ့ပြီ။

သို့သော်...

သူပြန်ရရှိလိုက်တာက အလဲအထပ်လုပ်လို့
မရတဲ့ လူငယ်ဘဝ။

ဆိုပေမယ့် ဤလူငယ်ခန္ဓာကိုယ်တွင် အမျိုးသားများအဖို့ အရေးအကြီးဆုံးအရာချို့ယွင်းနေလေသည်။

သူကိုယ်တိုင်တောင် မသိဘဲ ကောက်ကျစ်ယုတ်မာတာတွေ လုပ်ခဲ့မိပြီး ခွင့်မလွှတ်နိုင်စရာတွေ ကျူးလွန်ခဲ့မိလို့များ ဘုရားသခင်က သူ့ကို ဒဏ်ခတ်သည့်အနေနှင့် ဒီအနေအထားဆီ တမင်ပို့လိုက်လေသလား။

ဝမ်ကျားနင် အတွေးလွန်နေသဖြင့် စူးရှန် သူ့နာမည်ခေါ်တာကိုပင် မကြားလိုက်ဘဲ နှစ်ခါမြောက်မှ အသိဝင်တော့သည်။

"Huh?"

ကားမောင်းနေသောစူးရှန်ဘက်သို့ ဝမ်ကျားနင် လှည့်ကြည့်လိုက်၏။

စူးရှန် မေးမိလေပြီ။

"မင်း ဒီနေ့တစ်နေကုန် တစ်မျိုးဖြစ်နေတာ၊ အိမ်မှာ ကိစ္စရှိလို့လား"

ဝမ်ကျားနင် ခေါင်းခါလိုက်ပြီး

"ကျွန်တော် ဘာမှမဖြစ်ပါဘူး"

ထိုအခါမှ စူးရှန်က စကားလမ်းကြောင်းလွှဲလိုက်သည်။

"ငါ မင်းအတွက် ဘာရှာထားလဲ သိလား"

ဝမ်ကျားနင် တကယ်မသိတာမို့ 'အင်း'ဟု မရေမရာအသံပြုပြီး စူးရှန် ဆက်ရှင်းပြမှာကို သူ စောင့်နေလိုက်၏။

စူးရှန်က ဆိုသည် :

"ပွဲစီစဉ်သူနဲ့ဆက်သွယ်ဖို့ ငါ လူတစ်ယောက်ရှာလိုက်တယ်၊ သူတို့ပြော‌တာတော့
အကြီးစားလူရွေးပွဲမဟုတ်ဘူးတဲ့၊ ဒါရိုက်တာအဖွဲ့က ပြိုင်ပွဲဝင်တွေကို ကိုယ်တိုင်စိစစ်ရွေးချယ်ပေးမှာ၊ ငါ မင်းအခြေအနေနဲ့ပတ်သက်ပြီး ပြောပြထားလိုက်တယ်၊
သူတို့က မင်းဓာတ်ပုံကိုမြင်ပြီးစိတ်ဝင်စားနေကြပြီ၊ မင်း အချိန်ရရင် တစ်ချက်လာခဲ့ဖို့ ပြောတယ်၊ တိုတိုပြောရရင် အင်တာဗျူးလိုမျိုးပေါ့"

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now