[ 61 ]

3.1K 411 13
                                    

Unicode

အပိုင်း - ၆၁

လောလောဆယ် စတူဒီယိုထဲမှာ သူတို့ကလွဲပြီး တခြားသူတွေ ရှိမနေတာ တော်သေးသည်။ ခေါ့ရှင်းဖန်ကိုသာ ပါးစပ်မဖွာအောင် လုပ်နိုင်သရွေ့ ဘာပြဿနာမှ ထပ်ရှိမှာ မဟုတ်တော့ပေ။

သို့သော် လုကျင်းလန်၏ ကန်ချက်ကြောင့် ခေါ့ရှင်းဖန် တော်တော်လေး ဆိုးဆိုးရွားရွား ထိခိုက်သွားပုံရသည်။ ဗိုက်အောက်ပိုင်းက ခန္ဓာကိုယ်တစ်ခုလုံးမှာ အနူးညံ့ဆုံးအစိတ်အပိုင်းမို့ ခေါ့ရှင်းဖန် ဆေးရုံရောက်ချိန်မှာ ခွဲစိတ်ခန်းတန်းဝင်လိုက်ရ၏။

ဝမ်းဗိုက်သွေးကြော ပေါက်ထွက်သွားခြင်းဖြစ်ပြီး သွေးထွက်လွန်မှာစိုးရ၍ ရှယန်က အရေးပေါ် ခွဲစိတ်ခိုင်းလိုက်ခြင်းပင်။

လုကျင်းလန်နှင့် ဝမ်ကျားနင်က ခွဲစိတ်ခန်းအပြင်ဘက်မှာ ထိုင်စောင့်ဖြစ်သည်။

ဝမ်ကျားနင်က ပြောလိုက်၏။

“ခုနက ကိစ္စကို အပြင်လူ တစ်ယောက်မှ မမြင်လိုက်ဘူး၊ တကယ်လို့ တစ်ယောက်ယောက် တာဝန်ခံရမယ်ဆို ကျွန်တော် ကန်လိုက်တာပါလို့ ပြောလိုက်မယ်”

လုကျင်းလန်က သူ့ဘက်ငဲ့ကြည့်ပြီး အေးအေးဆေးဆေးပဲ ပြောသည်။

“ မင်း နောက်နေတာလား ”

ထိုသို့ဆိုပြီးကာမှ ဝမ်ကျားနင်၏ လက်ဖမိုးကို အုပ်ကိုင်လိုက်ရင်း

“ စိတ်မပူနဲ့၊ ပြေလည်သွားမှာပါ ”

“ အစ်မထင်းကို ခေါ်လိုက်ရအောင် ”

ဒီလိုကိစ္စမျိုးကို ကုမ္ပဏီအား အသိပေးသင့်သည် ထင်၏။ သို့မှသာ နောက်ဆက်တွဲဖြစ်လာမည့်ကိစ္စအတွက် ကြိုတင်စီစဉ်ထားလို့ရမှာပင်။

မမျှော်လင့်ဘဲ လုကျင်းလန်က

“ မင်း ဘာမှ လုပ်ဖို့ မလိုဘူး၊ ကိုယ် ဖြေရှင်းပါ့မယ်...ကိုယ် ပိုင်ရှန့်ကျယ်ကို ပြောလိုက်မယ် ”

လုကျင်းလန်ဆီမှ ထိုသို့သောစကားကို ကြားရသဖြင့် ဝမ်ကျားနင် ရင်ထဲ ဘယ်လိုခံစားသွားရမှန်းတောင် မသိတော့။ သူ သက်ပြင်း အသာချမိသည်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Dove le storie prendono vita. Scoprilo ora