[ 6 ]

4.1K 607 8
                                    

Unicode

ပရိုဂရမ်ရိုက်ကူးတာက တစ်ရက်တည်းနှင့်မပြီးချေ။ ဝမ်ကျားနင် ညဘက် အိမ်ပြန်လာချိန်မှာ ပင်ပန်းလွန်းလို့ ရေတောင် မချိုးနိုင်တော့။ သူ အိပ်ရာမှာပစ်လှဲပြီး ချက်ချင်းအိပ်ပျော်သွားတော့သည်။

မနက်ပိုင်းနိုးလာချိန်မှာ သူ နည်းနည်း ယောင်နနဖြစ်နေ၏။ သူ အခု ဘယ်ရောက်နေသလဲ မနည်းစဉ်းစားလိုက်ရသည်။ ထို့နောက်မှာမှ သူက လောလောဆယ် အသက်နှစ်ဆယ်အရွယ် ခေါ့ရှင်ဟန်ဆိုသောကောင်လေးဖြစ်ကြောင်း၊ သီချင်းဆိုရတာ နှစ်သက်ကြောင်း ပြန်အမှတ်ရလေပြီ။

အခုဆို သူ့မှာ အကျင့်တစ်ခုတောင် ရလာသည်။ ရေချိုးတိုင်း၊ toilet ဝင်တိုင်း သူ့ခန္ဓာကိုယ်၏ချို့ယွင်းချက်ကို မကြည့်မိအောင် ရှောင်ရှားခြင်းပင်။

တစ်ခါတလေ တချို့အရာတွေကို မမြင်တဲ့အခါ တည်ရှိတာဟုတ်ဟုတ်၊ မဟုတ်ဟုတ် စိတ်ထဲ သိပ်မတွေးမိတော့ဘူး။

သို့သော်လည်း လွန်ခဲ့သည့်နှစ်ရက်အတွင်း သူ ရုပ်သံလွှင့်ဌာနမှာ ရေအိမ်သုံးရတာ တကယ်ဒုက္ခများပေသည်။ လူတွေအများကြီးရှိနေတတ်တာမို့ ကန့်ထားသောအခန်းငယ်ထဲ လူရှင်းဖို့ဆိုလျှင်တောင် ဝမ်ကျားနင် အချိန်တော်တော်ကြာစောင့်ရတတ်သည်။

ခေါ့ရှင်ဟန်တစ်ယောက် strong ဖြစ်လွန်းလို့သာ ယခုလောက်အနေအထားရောက်ခဲ့တာဟု ဝမ်ကျားနင် တွေးမိလေပြီ။

စင်အနောက်ဘက်မှာ အလှည့်ရောက်ဖို့စောင့်နေကြစဉ် တင်ဆက်သူက cameraman ကိုခေါ်ပြီး ဝမ်ကျားနင်ဆီလာကာ မေးခွန်းတချို့မေးသည်။ မနေ့က လုကျင်းလန်ပြောခဲ့သည့် 'သရုပ်ဆောင်ကောင်းချက်'ဟူသောစကားနှင့်ပတ်သက်ပြီး ဘယ်လိုထင်မြင်သလဲ ဟူ၍။

စင်အနောက်ဘက်မှာ လူအများကြီးရှိနေပြီး အကုန်လုံး သူ့ဘက်သို့ လှမ်းကြည့်လာကြသည်။

ဝမ်ကျားနင် မနေတတ်သလိုပြုံးလိုက်ကာ

"ဒါ ကျွန်တော့်ကို အားပေးတယ်လို့ပဲ သတ်မှတ်ခွင့်ရှိမလား?"

"အင်း"

တင်ဆက်သူအမျိုးသမီးက ခင်မင်ရင်းနှီးသလိုပုံဖမ်းနေသော်လည်း မေးလိုက်သည့်မေးခွန်းမှာ ထက်ရှလှ၏ :

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now