[ 73 ]

2.4K 338 9
                                    

Unicode

အပိုင်း - ၇၃

မရင်းနှီးသောမြို့ထဲမှ မှောင်မိုက်နေသောလမ်းတွေထက် တိတ်ဆိတ်မှုကြီးစိုးသွားသည့် ညတစ်ည။

လမ်းမကြီးဘေးတစ်နေရာတွင် ကားထိုးရပ်လိုက်ပြီးနောက် ဝမ်ကျားနင်နှင့် လုကျင်းလန် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆိတ်စွာ စိုက်ကြည့်နေမိကြသည်။ ယနေ့ည ရှဲ့ရို့မင်ထံမှ ဖုန်းကောလ်ကြောင့်သာ မဟုတ်လျှင် ဟိုတယ်ခန်းထဲမှ အိပ်ရာကျယ်ကြီးထက် ယခုအချိန်လောက်ဆို လုကျင်းလန်နှင့်ဝမ်ကျားနင်တို့ ချစ်တင်းနှောနေမိ‌လောက်သည်။ ထို့နောက်တွင်တော့ သူ လုကျင်းလန်၏ပခုံးကို ခေါင်းမှီရင်း ဆိတ်ငြိမ်စွာ အိပ်မောကျသွားမှာပင်။

သူ့ identity နှင့်ပတ်သက်ပြီး လုကျင်းလန်ဆီ ဖွင့်ဟဖို့ ဝမ်ကျားနင် တွေးခဲ့ဖူးသည်မှာ အတော်ကြာလှပြီ။ အလျင်မလိုသင့်ကြောင်း၊ ဖြစ်လာမည့်အကျိုးဆက်များကို ချင့်ချိန်သင့်ကြောင်းလည်း တောက်လျှောက်တွေးနေခဲ့မိသည်။ လုကျင်းလန်၏နွေးထွေးမှုကိုလည်း သူ လက်မလွှတ်နိုင်သည်မို့ တစ်ခဏတာ စိတ်လိုက်မာန်ပါလုပ်ဆောင်မှုကြောင့် သူတို့နှစ်ဦးကြား ဆက်ဆံရေးပျက်ပြားသွားမှာကို စိုးရိမ်နေခဲ့ခြင်း။

ဒါပေမယ့် စိတ်လိုက်မာန်ပါဆိုတဲ့စကားက အဲ့အဓိပ္ပါယ်အတိုင်း ကြိုတင်မှန်းဆလို့မှ မရဘဲလေ။

ပထမတစ်ခါ သူပြောဖို့ ကြိုးစားမိတုန်းက စိတ်လိုက်မာန်ပါဖြစ်ပြီး ယခုလည်း လွှတ်ခနဲ ထွက်သွားတာဖြစ်သည်။ နောက်ပြီး သူတို့စကားစကို ပြတ်သွားစေဖို့ ရုတ်တရက်ဖုန်းဝင်လာတာမျိုးလည်း ရှိမနေ။

ကားပြတင်းများ ပိတ်ထား၍ လုကျင်းလန်ထံမှ အရက်နံ့ကို ရနေသည်။

လုကျင်းလန်က ဆို၏။

“မင်း ဘာတွေပြောနေတာလဲ”

စကားကျွံသွားနှင့်ပြီးပြီ။ ဝမ်ကျားနင် အခုမှ နောင်တရနေလည်း မထူးတော့ပေ။

သို့နှင့် သူ မျက်နှာတည်တည်ဖြင့်သာ

“ငါက ဝမ်ကျားနင်လို့ ပြောလိုက်တာ”

လုကျင်းလန်က လက်ဆန့်လာကာ ဝမ်ကျားနင်၏ပခုံးပေါ် ညင်သာစွာ တင်လိုက်ပြီး..

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now