[ 23 ]

3.7K 548 7
                                    

UNICODE

ဖန်ဝေ့ကြည့်ရတာ သူ့ကို သိပ်သဘောကျပုံမပေါ်။ ဝမ်ကျားနင် ခံစားမိသော်လည်း အကြောင်းရင်းကို မသိ။ သူ ဖန်ဝေ့အကြောင်း နားလည်ထားသလောက်ဆိုရင် ယနေ့ သူ့သရုပ်ဆောင်မှုကို ဖန်ဝေ့ သဘောကျရမှာဖြစ်သည်။

ကုမ္ပဏီသို့အပြန်လမ်းတွင် ဟယ့်ချောင်ရှုက ဘာမှသိပ်မပြော။ လမ်းတစ်ဝက်တွင် ရိနန် ဖုန်းခေါ်လာသဖြင့် ဟယ့်ချောင်ရှုက ဝမ်ကျားနင်ကို လမ်းတစ်ဖက်ခြမ်းမှာ ထားခဲ့ကာ တက္ကစီနှင့်အိမ်ပြန်လိုက်ဖို့ ပြောသည်။ ဘာကြောင့်လဲဆိုတော့ ဟယ့်ချောင်ရှုက ရိနန်ကို သွားကြိုရမှာမို့လို့တဲ့။

နှစ်ရက်ကြာသည်အထိ ဝမ်ကျားနင် ဖန်ဝေ့ဆီက ဘာသတင်းမှမကြားရပေ။ 'October Fireworks'၏ရိုက်ကူးရေးအဖွဲ့သားများ တရုတ်ပြည်မ,ရှိ မြို့ငယ်တစ်ခုသို့ သွားရောက်ရိုက်ကူးမည့်အကြောင်း သတင်းတွေ တက်လာသေး၏။

ဝမ်ကျားနင် ရင်ထဲ နည်းနည်းဆုံးရှုံးလစ်ဟာသွားသလို ခံစားနေရဆဲပင်။

ထိုနေ့ နေ့လယ်တွင် ဝမ်ကျားနင်ကို လုကျင်းလန်က ဖုန်းဆက်မေးလေသည်။

"ဆိုတော့ ကိုယ် မင်းကို မဆက်သွယ်ရင် မင်းဘက်ကလည်း မဆက်သွယ်တော့ဘူးပေါ့?"

ဝမ်ကျားနင် ပြန်ဖြေလိုက်၏။

"ကျွန်တော် ခင်ဗျားကို တွယ်ကပ်ပြီး အနှောင့်အယှက်ပေးသလိုဖြစ်နေမှာစိုးလို့"

လုကျင်းလန်က တွေးဆလိုက်ကာ

"ဖြစ်နိုင်တယ်၊ ယောက်ျားတွေဆိုတာ အဲ့လိုပဲ၊ မင်း ကိုယ့်ကို လျစ်လျူရှုလေလေ ကိုယ် ပိုတွေ့ချင်လေလေ၊ ဒီည အချိန်ရမလား"

ရုပ်ရှင်ဧကရာဇ်လုအတွက် ဝမ်ကျားနင် နည်းနည်းစိတ်မကောင်းဖြစ်သွားရသည်။

"ကျွန်တော် schedule ကို တစ်ချက်ကြည့်လိုက်ဦးမယ်၊ တခြားချိန်းထားတာမရှိရင်တော့ မစ္စတာလုရဲ့ဖိတ်ခေါ်မှုကို စဉ်းစားပေးပါ့မယ်"

လုကျင်းလန် ပြုံးမိသွားပြီး

"ဒါဆိုလည်း မြန်မြန်စစ်ကြည့်၊ ခဏနေ ယွီနမ်ကို လာခေါ်ခိုင်းလိုက်မယ်"

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Onde histórias criam vida. Descubra agora