[ 26 ]

2.9K 444 6
                                    

Unicode

မာကျန်းကောလိုလူမျိုးအတွက်က ကိုယ်ချစ်သည့်မိန်းကလေးကို ဖွင့်ပြောဖို့ရာ သတ္တိအားလုံးစုစည်းပြီးမှ ဖြစ်နိုင်လိမ့်မည်။
လူရွေးပွဲနေ့တွင် ဝမ်ကျားနင်သရုပ်ဆောင်ခဲ့သည့်အတိုင်း ဖန်ကျားဝေ့က ဇာတ်ညွှန်းကို ပြောင်းလဲလိုက်တာမျိုးမရှိဘဲ ယခင်ဇာတ်ကြောင်းအလျောက် ရိုက်ကူးမည်ဖြစ်သည်။ သူက မာကျန်းကောကို ဇာတ်လမ်းထဲ အတွင်းကျကျပါဝင်စေချင်ပုံမရ။ ဇာတ်လိုက်မင်းသမီးအစား ဝမ်ကျားနင် ထင်ပေါ်သွားမှာကို မလိုလားပါ။

ဝမ်ကျားနင်က အဖြူရောင်ရှပ်လက်တိုနှင့် အပြာရောင် pants ကို တွဲဖက်ဝတ်ဆင်ထားပြီး ဘောင်းဘီအပြင်ဘက်တွင် အဖြူရောင်အစင်းကြောင်းနှစ်ခုနှင့်အတူ sneaker တစ်ရံစီးထားသည်။ ဆံပင်ကို နည်းနည်းတိုအောင်ညှပ်ထားကာ အနက်ရောင်မျက်မှန်တစ်လက်ကိုလည်း တပ်ထား၏။ နူးညံ့သော၊ ကြည့်ပျော်ရှုပျော်ဖြစ်သော သူ့အသွင်ကို လူတွေ ခပ်ရေးရေးသတိထားမိလောက်သော်လည်း ထိုခေတ်တုန်းက ဒီလိုလူငယ်လေးတွေ သိပ်ပြီးလူကြိုက်မများသေး။

ဖန်ဝေ့က ဝမ်ကျားနင်ကို အတော်လေး သဘောကျသွားပုံရသည်။ အဝတ်အစားကို မြင်ပြီးနောက် ကျေနပ်စွာခေါင်းညိတ်လေ၏။

ညဘက် self-study တစ်ချိန်ပြီးနောက် ချင်ရို့ ကျောပိုးအိတ်ကောက်လွယ်ကာ အပြင်သို့ အမြန်ထွက်လာခဲ့သည်။ သူမ၏အနောက်မှ မာကျန်းကောက လိုက်လာရင်း ထောင့်ချိုးတွင် မီသွားလေသည် :

"ငါတို့ အတူပြန်လို့ရမလား"

ချင်ရို့က ‌လက်ခံ၏။

ကျောင်းအပြင်ဘက်လမ်းပေါ်၌ နှစ်ဦးသား ဘေးချင်းယှဉ်လျှောက်နေစဉ် နောက်ထပ် self-study တစ်ချိန်ရှိသေးသည်မို့ ကျောင်းသားတော်တော်များများလည်း ထွက်လာကြတာ တွေ့ရသည်။

မာကျန်းကောနှင့်ရင်ဆိုင်ရချိန်မှာ မိန်းကလေးချင်ရို့သည် ကျန်းကျစ်ရှင်းကို တွေ့တုန်းကလို ရှက်ရွံ့နေတာမျိုးမရှိပေ။ နည်းနည်းတောင် အတွေးလွန်နေပုံရသည်။
အရှေ့သို့လျှောက်နေစဉ်မှာပင် မာကျန်းကောက သူ့အချစ်ကို ဖွင့်ဟလိုက်လေ၏ :

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Hikayelerin yaşadığı yer. Şimdi keşfedin