[ 88 ]

1.8K 274 3
                                    

Unicode

အပိုင်း - ၈၈

ထိုညလည်း ဝမ်ကျားနင်နှင့်လုကျင်းလန်တို့ တောထဲမှာပဲ စတည်းချရသည်။ နေ့လယ်တုန်းက မြစ်ရေစီးကြောင်းအတိုင်း တောင်အောက်ကို ဆင်းလာခဲ့သည်မို့ သူတို့ ခန့်မှန်းထားတာ မှန်ရင် ဤတောထဲမှ မနက်ဖြန် ထွက်သွားနိုင်လိမ့်မည်။

ရွက်ဖျင်တဲထဲ ဘေးချင်းယှဉ်လှဲနေစဉ် ဝမ်ကျားနင် လုကျင်းလန်ကို နောက်ကျောပေးထားမိသည်။

လုကျင်းလန်က ပက်လက်လှဲနေရင်း လက်မောင်းကို ကြွလိုက်ချိန် ဝမ်ကျားနင်၏ နောက်ကျောအား မတော်တဆ သွားထိမိပြီ။

တစ်ခဏကြာတော့ ဝမ်ကျားနင် sleeping bag ထဲမှ တွားသွား ထွက်လာသည်။

လုကျင်းလန်က မေး၏။

“မင်း ဘယ်သွားမလို့လဲ”

“အပေါ့သွားမလို့”

လုကျင်းလန်က ခေါင်းအောက် လက်တစ်ဖက်ခုလျက် ဝမ်ကျားနင် မတ်တတ်ရပ်သည်အား ကြည့်နေရင်း

“ကိုယ်လည်း လိုက်မယ်”

ရွက်ဖျင်တဲအတွင်းမှ ထွက်လာပြီးနောက် ကင်မရာနှင့် လွတ်ကင်းရာ အနီးအနားရှိ တောစပ်သို့ သွားလိုက်ကြသည်။

လုကျင်းလန်က ဝမ်ကျားနင်၏လက်ကို လှမ်းဆွဲလိုက်ပြီး

“အဝေးကြီး မသွားနဲ့...သားရဲတိရစ္ဆာန်တွေ သတိထားရမယ်”

ဝမ်ကျားနင် ခြေလှမ်းရပ်သွားကာ ကိုယ်လှည့်လိုက်ပြီး လုကျင်းလန်၏ပခုံးကို သိုင်းဖက်လိုက်သည်။

“ဒီနေ့ တော်သေးလို့”

လုကျင်းလန်က ပြုံးလျက်

“အဲ့လိုလား”

ဝမ်ကျားနင် ဘာမှပြန်မပြောဖြစ်။ ကျောက်ချင် လုကျင်းလန်ကို အဲ့လိုဖက်ထားတာ မြင်လိုက်ရတဲ့အချိန် သူ စိတ်ထဲ မအီမသာဖြစ်သွားပေမယ့် ဒေါသထွက်စရာအကြောင်းတော့ မရှိ။

ပထမအချက်- လုကျင်းလန်က သူမကို စိတ်မဝင်စား။

ဒုတိယအချက်- သူမလည်း တကယ် ထိတ်လန့်သွားတာမို့။

လုကျင်းလန်က သူ့မျက်နှာကို လှမ်းကိုင်လိုက်ပြီး

“ကိုယ် ယောက်ျားလေးတွေပဲ ကြိုက်တာ မင်း သိပါတယ်”

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now