[ 43 ]

2.9K 447 15
                                    

Unicode

အပိုင်း - ၄၃

ရွှီရူကျင်း၏အမျိုးသားက သက်လတ်ပိုင်းအရွယ် ထိပ်ပြောင်တော့မည့်လူတစ်ယောက်ဖြစ်သော်လည်း သတို့သမီးတစ်ဖြစ်လဲ နာမည်ကြီးအဆိုရှင်ကတော့ ဤမင်္ဂလာပွဲကို အတော်လေး ကျေနပ်ပျော်ရွှင်နေပုံရပါသည်။ လက်စွပ်လဲလှယ်ကြချိန်တွင် သူမက နှုတ်ခမ်းကို လက်တစ်ဖက်နှင့်အုပ်ရင်း မျက်ရည်လည်လာ၏။

မင်္ဂလာပွဲအခမ်းအနားအဆုံးသတ်၌ သတို့သမီးက လက်ထဲမှပန်းစည်းအား ပစ်ပေးလိုက်ရာ သတို့သမီးအရံများနှင့် ဧည့်သည်အမျိုးသမီးငယ်များက ဖမ်းမိဖို့ အသင့်စောင့်နေကြစဉ်။

မမျှော်လင့်ထားစွာ ရွှီရူကျင်းပစ်လိုက်သည်က ပုံမှန်ထက်ခပ်ဝေးဝေးရောက်သွားပြီး ရှေ့တန်းနားတွင်ထိုင်နေသော လုကျင်းလန်ထံ ရောက်ရှိသွား၏။ လုကျင်းလန်က ပန်းစည်းကို လှမ်းဖမ်းကာ ပွေ့ကိုင်ထားလိုက်သည်။

Live လွှင့်နေသောကင်မရာကလည်း ရုတ်ခြည်းဆိုသလို လုကျင်းလန်ကို ချိန်ထားလိုက်သည်မို့ လုကျင်းလန် ပြုံးနေမှန်း မြင်နိုင်လေ၏။

ကောင်မလေးတစ်ယောက်က သူ့အနားလာချင်သော်လည်း ရှက်ရွံ့နေဆဲဖြစ်၍ ရွှီရူကျင်းဆီသွားပြီး လုကျင်းလန်အား မေးပေးခိုင်းသည်။

ရွှီရူကျင်းက ထိုပန်းစည်းကို မိန်းကလေးတစ်ယောက်ယောက်အား ပေးသင့်ကြောင်း တိုက်တွန်းသော်လည်း...

လုကျင်းလန်က နောက်သလိုနှင့် ဆိုလာ၏။

"ကျွန်တော့်ကို ပန်းစည်းအစား တခြားတစ်ခုခုနဲ့ လဲပေးလို့ရမလား"

ရွှီရူကျင်းက ချီတုံချတုံဖြစ်သွားပြီးနောက် ပန်းစည်းကို မင်္ဂလာကိတ်ပေါ်မှ အဖြူရောင်ဝက်ဝံရုပ်လေးနှစ်ရုပ်နှင့် လဲပေးလိုက်လေသည်။

ပွဲပြီးလို့ ဝမ်ကျားနင် ပြန်တော့မည့်အချိန်တွင် လုကျင်းလန်က သူ့အား ဖုန်းဆက်ကာ အတူပြန်ရအောင် ကားပါကင်ကိုလာခဲ့ဖို့ခေါ်သည်။

"ကျွန်တော် ဒီကို ကိုယ့်ဘာသာ ကားမောင်းလာတာ"

"မင်းကားကို ယွီနမ် ပြန်မောင်းလာလိမ့်မယ်"

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now