Unicode
အပိုင်း - ၁၀၀ (ဇာတ်သိမ်းပိုင်း)
ဝမ်ကျားနင် သရုပ်ဆောင်သော ယဲ့ရှင်းမှာ ရိုးစင်းသော်လည်း ခံစားမှုမပေါ်လွင်တာမျိုး မဟုတ်။ တစ်ခါတစ်ရံ နုံအလွန်းသည်မှာ အဆိုးဘက်ရောက်သည်အထိပင်။ ဒီဝေဒနာမျိုးလိုပဲ သူ့ကို ချစ်သောလူများအပေါ် စိတ်ဒုက္ခရောက်အောင် လုပ်သလို ဖြစ်နေခဲ့သည်။
ချန်းဇယ်ကျွင်း ယဲ့ရှင်းကို ပျောက်သွားခဲ့၏။ သက်လတ်ပိုင်းအရွယ်လူကို လွတ်သွားသည့်အပြင် သူ ပြန်ရောက်လာတော့ ယဲ့ရှင်း မရှိတော့ပေ။ နေရာတိုင်းမှာ လိုက်ရှာပြီး၊ ပြန်လည်ထူထောင်ရေးကျောင်းကိုပါ တိတ်တိတ်လေး သွားကြည့်ခဲ့သော်လည်း ယဲ့ရှင်းကို ရှာမတွေ့ပေ။
ညဘက်ရောက်တော့ ချန်းဇယ်ကျွင်း ပင်ပန်းနွမ်းလျစွာ အိမ်ပြန်လာချိန်မှာ အိမ်တံခါးဝတွင် ငုတ်တုပ်လေး ထိုင်ရင်း စောင့်နေသော ယဲ့ရှင်းကို တွေ့ရပေပြီ။ ပြည့်လျှံလာသောစိတ်ခံစားချက်များ မထိန်းချုပ်နိုင်တော့ဘဲ ချန်းဇယ်ကျွင်း ယဲ့ရှင်းကို ခပ်တင်းတင်း ဆွဲဖက်လိုက်မိသည်။
တကယ်တမ်း ကောင်လေးကို ဘယ်တွေ လျှောက်သွားနေတာလဲဟု အပြစ်တင်ရင်း ဒေါသထွက်နေသင့်တာဖြစ်သည်။ သို့သော် ချန်းဇယ်ကျွင်းမှာ ဒီလိုလုပ်နိုင်သည့် အနေအထားမရှိပါ။ ယဲ့ရှင်းသည် ကိုယ့်ကမ္ဘာငယ်နှင့်ကိုယ်နေထိုင်သော ကလေးတစ်ယောက်မို့ အပြစ်တင်လို့မရပေ။ ချန်းဇယ်ကျွင်း ကောင်လေးကို မရင်းနှီးသောလမ်းထက်၌ ချန်ထားခဲ့မိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရုံသာ တတ်နိုင်သည်။
ထိုဇာတ်ဝင်ခန်းအတွက် အကျိုးအကြောင်းသင့်အောင် သရုပ်ဆောင်နိုင်ဖို့ ဝမ်ကျားနင် ရှဲ့ရို့မင်နှင့် ဆွေးနွေးဖြစ်သည်။
ချန်းဇယ်ကျွင်းက ယဲ့ရှင်းကို ပထမဆုံးအကြိမ် အပြင်ခေါ်သွားတာမို့ ယဲ့ရှင်းအနေနှင့် သတိလက်လွတ်ဖြစ်နေရမှာပင်။ သွားသည့်နေရာနှင့် လိပ်စာက ယခုမှ ပထမဆုံးကြုံဖူးသည့် မှတ်ဉာဏ်ဖြစ်သည်။ ယဲ့ရှင်းက ဘယ်လိုလုပ် အိမ်ကို တန်းတန်းမတ်မတ်ရောက်အောင် ပြန်သွားနိုင်ရတာလဲ။
أنت تقرأ
ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]
عاطفية~ You are perfect with me ~ * Cover photo credit to original artist(Pinterest) Start Date - 12.3.2022 End Date - 24.4.2024