[ 84 ]

2.3K 362 9
                                    

Unicode

အပိုင်း - ၈၄

တစ်ခဏကြာတော့ ထုံထုံ အောက်ထပ်ကို ဆင်းလာသည်။ ဝမ်ကျားနင်ကို မြင်သည့်အခိုက် အလွန်ပျော်သွားသော်လည်း အဘွားဖြစ်သူအား ဆိုဖာမှာ လဲလျောင်းလျက်သား တွေ့လိုက်ရသည်မို့ ‌ခြေလှမ်းရပ်သွားကာ ဘာတွေဖြစ်နေတာလဲဟု စဉ်းစားနေပုံရ၏။

ဝမ်ကျားနင် ကလေးကို လက်ဝှေ့ယမ်းပြလိုက်သည်။ 

ခြေပုတိုလေး နှစ်ချောင်းဖြင့် လှေကားတစ်လျှောက်ဆင်းလာရင်း ဝမ်ကျားနင်ဆီသို့ အပြေးလာပြီးနောက် ထုံထုံက ဆိုဖာပေါ် စွေ့ခနဲ ခုန်တက်ကာ စိုးရိမ်စွာ ခေါ်လိုက်လေပြီ။

“ဘွားဘွား?”

အမျိုးသမီးကြီးက မြေးဖြစ်သူ၏ မျက်နှာလေးကို လှမ်းကိုင်ရင်း

“ဘွားဘွား ဘာမှမဖြစ်ဘူး၊ စိတ်မပူနဲ့”

ထုံထုံက ဟုတ်လို့လားဆိုသော သဘောနှင့် ဝမ်ကျားနင်ကို ဖျတ်ခနဲ လှမ်းကြည့်သည်။

ဝမ်ကျားနင် ပြောလိုက်ရ၏။

“ဘွားဘွားအတွက် စားစရာတစ်ခုခု ရှာယူလာခဲ့နော်၊ သူများတွေ မမြင်စေနဲ့”

ထုံထုံက ခေါင်းညိတ်ပြီး မီးဖိုချောင်သို့ ပြေးထွက်သွားသည်။

ဝမ်ကျားနင်လည်း ဘာလုပ်ရမှန်း မသိတော့ပေ။

“အရင်ဆုံး တစ်ခုခုစားထားလိုက်ဦး၊ အစာငတ်ခံနေလို့ မဖြစ်ဘူးလေ”

ထုံထုံက ရေခဲသေတ္တာတံခါးဖွင့်ကာ ဘီစကွတ်တချို့ ယူလာ၏။

ဝမ်ကျားနင် မုန့်ကို အပိုင်းလေးတွေရအောင် ဖဲ့ပြီး အမေလုအား ကျွေးရသည်။ အမျိုးသမီးကြီးက စားလည်းစား၊ သတိလည်းထားကာ ချွေးမဖြစ်သူ အောက်ထပ်ဆင်းလာပြီး မြင်သွားမည်စိုး၍ တောက်လျှောက် စောင့်ကြည့်နေလျက်။ သူတို့ ဘာလုပ်နေသလဲ ထုံထုံက နားမလည်သော်လည်း စိတ်ဝင်စားစရာကောင်းသလို ခံစားရသဖြင့် ဘေးဘီဝဲယာ ကူကြည့်ပေးနေလေ၏။

ဘီစကွတ်တချို့စားကာ ရေသောက်ပြီးနောက် အမျိုးသမီးကြီးက ဆိုဖာထက်တွင် ပြန်လှဲရင်း သေချင်ယောင်ဆောင်နေလိုက်သည်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]حيث تعيش القصص. اكتشف الآن