[ 64 ]

2.5K 372 11
                                    

Unicode

အပိုင်း - ၆၄

နောက်တစ်နေ့မနက် ဝမ်ကျားနင် နိုးလာတော့ လုကျင်းလန်က မနိုးသေးပေ။ မနေ့ညက သောက်တာများသွားပြီး ခေါင်းအုံးပေါ် ပါးအပ်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ။

ထိုသူ့ဆံပင်ကို သူ အသာလှမ်းကိုင်ကာ နဖူးချင်းထိလိုက်ပြီး ဘေးတစောင်းမျက်နှာကို တစ်ချက်နမ်းဖြစ်သည်။ ထို့နောက်မှာမှ သူ အိပ်ရာထခဲ့လိုက်၏။

ဝမ်ကျားနင် ဒုတိယထပ်အတိုင်း ဆင်းလာရင်း မီးဖိုချောင်ထဲ ဝင်လာလိုက်သည်။ ရုတ်တရက် သူ စိတ်ကူးပေါ်လာတာက လုကျင်းလန်အတွက် မနက်စာလုပ်ပေးဖို့ပင်။ ထိုသူ အိပ်ရာနိုးလာတာနှင့် တန်းစားလို့ရအောင်။

အချက်အပြုတ်နှင့်ပတ်သက်လို့ ဝမ်ကျားနင်က ဘာတစ်ခုမှမသိတာတော့ မဟုတ်ပါ။ သို့သော် သူ မကျွမ်းကျင်တာက အမှန်ပဲ ဖြစ်သည်။ အေပရွန်ဝတ်ကာ ဒယ်အိုးထဲ ဆီလောင်းထည့်ပြီးနောက် ‌ကြက်ဥမွှေကြော်လုပ်စားဖို့ ပြင်နေစဉ် အပြင်ဘက်မှ တံခါးဘဲလ်တီးသံကို ကြားလိုက်ရသည်။

ဇွန်းပြားကို ချထားလိုက်ပြီး တံခါးသွားဖွင့်ကြည့်တော့ အပြင်မှာ ရပ်နေသူက လုကျင်ရှင်း။

တကယ်တမ်း ဒီလိုအနေအထားမျိုးက စိမ်းသက်မနေပါ။ လုကျင်ရှင်းပုံစံက သူခိုးလူမိဆိုသလို မျက်နှာထားဖြစ်နေသော်လည်း ဝမ်ကျားနင်ကတော့ ဘယ်လိုမှမနေ၊ ခပ်တည်တည်ပဲဖြစ်သည်။

"ဘာကိစ္စရှိလို့လဲ"

"လုကျင်းလန် ဒီမှာ ရှိလား၊ ငါ တောက်လျှောက်ဖုန်းခေါ်နေတာကို မကိုင်လို့"

"သူ မနိုးသေးဘူး"

လုကျင်ရှင်းက သူ့ကို ဘေးတွန်းပြီး အထဲဝင်လာကာ အပေါ်ထပ်သို့ ပြေးတက်သွားသည်။

ဝမ်ကျားနင် လိုက်သွားဖို့ပြင်ပြီးကာမှ မီးဖိုခန်းထဲ ကြော်လက်စကို မီးမပိတ်ရသေးမှန်း သတိရသွားသဖြင့် အမြန်သွားပိတ်ရသေး၏။ ထို့နောက်မှ ဒုတိယထပ်ကို တက်လာခဲ့လိုက်သည်။

လုကျင်ရှင်း နှိုးလိုက်၍ လုကျင်းလန်က နိုးနေပေပြီ။ မနေ့ညက ဝိုင်တွေ အများကြီးသောက်ခဲ့ပြီး ဝမ်ကျားနင်နှင့်လည်း အတူနေထားသည်မို့ လုကျင်းလန်က လုံးလုံးလျားလျား မထဖြစ်သေး။ အဝတ်မပါသောကိုယ်နှင့်ပင် အိပ်ရာပေါ် ထထိုင်လိုက်ရကာ ဆံပင်ဆွဲဖွမိသွားရင်း အိပ်ချင်မူးတူးအသံဖြင့် မေးလိုက်သည်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now