Unicode
မဲနှိုက်သည့်ဖြစ်စဉ်အစအဆုံးကို ထုတ်လွှင့်ပြီးနောက်မှာ ဝမ်ကျားနင်ကိုကြိုက်သည့် netizen တွေက ရိနန်ကို တိုက်ခိုက်ကြပြီး ရိနန်၏ fan တွေကလည်း ရိနန်ကို မထိနဲ့ဟု ဝင်ပါကြလေရာ ချက်ချင်းဆိုသလိုပဲ fan war ဖြစ်နေကြတော့သည်။
ဒါပေါ့၊ ဒီကိစ္စမှာ အဓိကဖြစ်နေသည့်ရိနန်နှင့်ဝမ်ကျားနင်က ဒါတွေကို မသိဘဲမနေ။ နှစ်ယောက်တည်းရှိချိန်ဆို အချင်းချင်း ကသိကအောက်ဖြစ်နေတာကို ဘယ်လိုမှရှောင်လွှဲလို့မရ။ အဓိကအားဖြင့် ရိနန်က ဘာကြောင့်မှန်းမသိ ဝမ်ကျားနင်ကို သက်သက်ရန်လိုနေတာမို့။
အင်တာနက်ပေါ်မှရန်ပွဲများနှင့်အတူ ရိနန်က ပိုပိုပြီးရန်လို၊ ဆန့်ကျင်လာချေ၏။
သူတို့နှစ်ယောက် အတူဆိုဖို့သီချင်းရွေးချယ်ရမည်ဖြစ်ပြီး နည်းပြက သူတို့ကို မိန်းကလေးနှင့်ယောက်ျားလေးတွဲဆိုသည့်အချစ်သီချင်းတစ်ပုဒ်အား ရွေးချယ်ခိုင်းသည်။
ရိနန်က နှုတ်မှထုတ်ပြောလိုက်သေး၏ :
"မဆိုချင်ဘူး၊ စိတ်ပျက်စရာကြီး"
ဝမ်ကျားနင်က ဘာမှမပြောပေ။
ရိနန်၏ရိုင်းပျသောတုံ့ပြန်မှုကြောင့် နည်းပြလည်း ကျေနပ်မနေပါ။
ရိနန် ပူးပေါင်းပါဝင်ခြင်းမရှိသဖြင့် စိတ်ကူးများစွာမှာ ဆက်တိုက်ဆက်တိုက် ပယ်ချခံလိုက်ရသည်။ ရိနန်၏သဘောထားအရ သူက တစ်ကိုယ်တော်သီဆိုချင်တာဖြစ်ပြီး ဝမ်ကျားနင်ကိုတော့ harmony လိုက်ခိုင်းရုံသာ။
ဒီလိုလုပ်မှပဲ သူ အထုတ်မခံရမှာဟု ရိနန်က ဆိုလိုက်သေး၏။ မဟုတ်ရင် ဝမ်ကျားနင်ရဲ့အဆင့်နဲ့ဆို သူပါ အတူတူ အထုတ်ခံရနိုင်တယ်မလား။
နည်းပြက စိတ်ပျက်သွားကာ "မင်းကြိုက်သလိုသာ လုပ်တော့"ဟုပြောပြီး ထွက်သွားလေသည်။
နှစ်ယောက်တည်းကျန်တော့လည်း ဝမ်ကျားနင်နှင့်ရိနန်က ညှိနှိုင်းလို့ရသည့်အနေအထားမှာ မရှိသဖြင့် မျက်နှာမသာမယာဖြစ်လျက် ကိုယ်စီထွက်သွားတော့၏။
အဝတ်လဲခန်းထဲပြန်ရောက်ချိန်မှာ ဝမ်ကျားနင် အလျှော့ပေးလိုက်ရမလားဟု အတွေးဝင်လာခဲ့ပြီ။ သူ လက်လျှော့လိုက်ပြီး ရိနန်ကိုပါ ဆွဲချသွားလျှင် လက်လျှော့ရကျိုးနပ်လိမ့်မည်။ သို့သော်လည်း ဝမ်ကျားနင် ထိုအကြံကို ပယ်ချလိုက်ပါသည်။ သူ ရိနန်ကို ယှဉ်ပြိုင်တိုက်ခိုက်နေလို့ အဓိပ္ပါယ်မရှိပေ။ ရိနန်လိုစရိုက်မျိုးနှင့် တကယ်လို့ ချန်ပီယံဖြစ်ခဲ့လျှင်တောင် နောက်ပိုင်းမှာ အနုပညာလောကထဲ အံဝင်ခွင်ကျပေါင်းစပ်ဖို့ ခက်ခဲလိမ့်ဦးမည်။
YOU ARE READING
ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]
Romance~ You are perfect with me ~ * Cover photo credit to original artist(Pinterest) Start Date - 12.3.2022 End Date - 24.4.2024