[ 82 ]

1.9K 293 7
                                    

Unicode

အပိုင်း - ၈၂

လုကျင်းဖုန်းက မခြိမ်းခြောက်သော်လည်း ထိုသူ ပေးအပ်လာသည့်အခြေအနေများမှာ ဝမ်ကျားနင်အပေါ် ကြီးကြီးမားမားသက်ရောက်မှု ရှိသည်ပင်။

အနုပညာလောကမှ နုတ်ထွက်ပြီး အိမ်မှာပဲနေရင်း လုကျင်းလန်ကို ဂရုစိုက်ဖို့တစ်ခုတည်း အာရုံစိုက်ရမည်ဆိုတာ။ ဝမ်ကျားနင်အဖို့ ဟာသလိုထင်ရကာ သူ လုပ်နိုင်မည် မထင်။ သို့တည်းမဟုတ် လုကျင်းလန်နှင့်လမ်းခွဲဖို့ ဆိုသည်မှာလည်း သူ ဘယ်လိုမှ မလုပ်နိုင်ချေ။

နောက်ဆုံး ဘယ်လိုမှမတတ်နိုင်လျှင် လုကျင်းဖုန်း၏ သဘောတူညီမှုကို ဘယ်တော့မှ မရယူတာမျိုးပဲ ရှိသည်။ သူတို့နှစ်ဦးအပေါ် သက်ရောက်မှုမရှိလောက်ဟု ထင်ရသော်လည်း ဝမ်ကျားနင် ထိုသို့ မဖြစ်စေချင်။ လုကျင်းလန်အတွက် လုကျင်းဖုန်းက အဖေတစ်ယောက်လို ဖြစ်တည်မှုမျိုးမို့၊ ချစ်သူအတွက်နှင့် တန်ဖိုးထားရသော မိသားစုဝင်များကို အဆက်ဖြတ်လိုက်ဖို့က ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် ခက်ခဲပြီး စိတ်နာကျင်ရသော ကိစ္စမျိုးပင်။

လောလောဆယ် ဝမ်ကျားနင်ကို လုကျင်းဖုန်းနှင့် ပေးမတွေ့ဖို့ လုကျင်းလန် စီစဉ်ထားသည်။ ဒီကိစ္စကို ဖြေရှင်းရမည့်လူက လုကျင်းလန်ကိုယ်တိုင်ပဲဖြစ်သည်ဟု ခံစားရ၏။ သူ့နောက်လိုက်ရင်း ဝမ်ကျားနင်ကို စိတ်ညစ်ညူးစရာတွေ မကြုံစေချင်။

သို့သော် လုကျင်းလန် ဝမ်ကျားနင်ကို ဇာတ်ကားအတွက် theme song အသံသွင်းဖို့ကိစ္စပဲ အာရုံစိုက်ပါဟု ပြောမည့်ဆဲဆဲ ကုမ္ပဏီတွင် ကိစ္စတစ်ခု ပေါ်လာတော့သည်။

ဝိန်ထင်းဟွမ်က ဝမ်ကျားနင်ကို ရေးကြီးသုတ်ပျာ ဖုန်းဆက်လာပြီး မန်နေဂျာပိုင်က ဝမ်ကျားနင်၏ လက်ရှိအလုပ်ကို ရပ်ဆိုင်းလိုသည့်အကြောင်း၊ စာချုပ်ဖောက်ဖျက်သည့်အတွက် ကုမ္ပဏီဘက်မှ လျော်ကြေးပေးမည့်အကြောင်း။

ဝမ်ကျားနင် ဆွံ့အသွားရကာ ဝိန်ထင်းဟွမ်ကို ပြန်‌မေးလိုက်သည်။

“ဘာတွေဖြစ်ကုန်တာလဲ သိလား”

ဝိန်ထင်းဟွမ်လည်း ဘာဆိုဘာမှ မသိ။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now