[ 56 ]

2.8K 406 23
                                    

Unicode

အပိုင်း - ၅၆

မသုံးတာကြာပြီမို့ ရေပန်းအဝ၌ ထုံးအနည်ထိုင်ကာ ဆို့နေခြင်း ဖြစ်သည်။

“ ဟိုတစ်ရက်နှစ်ရက်ကတောင် အကောင်းပဲ ရှိသေးတာကို ”

ဝမ်ကျားနင် ပြောလိုက်ခြင်းပင်။

လုကျင်းလန်က မေးသည်။

“ ကြေးချွတ်ဆေးတွေဘာတွေ ရှိလား ”

ဝမ်ကျားနင် ခေါင်းခါလိုက်၏။ သူ့ကိုယ်က အားနည်းနေဆဲဖြစ်ပြီး  နည်းနည်း မူးဝေနေသေးသည်။

“ အဝတ်အစား အရင်ဝတ်လိုက်..အအေးမိနေဦးမယ် ”

ဝမ်ကျားနင် ထိုသူ့ကို ကြည့်မိသွားပြီ။

“ ကိုယ့်ကို ဘာလို့ အဲလိုကြည့်နေတာလဲ ”

ဝမ်ကျားနင် ခေါင်းခါလိုက်ပြီး အဝတ်အစားများကို ယူကာ အိပ်ခန်းထဲသို့ ပြန်သွား၊ လဲဝတ်လိုက်သည်။

ကြေးချွတ်ဆေးသုံးလျှင် ဝန်ပိုနေဦးမှာမို့ လုကျင်းလန်က လုယွီနမ်ကို ရေပိုက်‌ခေါင်းအသစ်တစ်ခု ဝယ်ပို့ပေးဖို့ လှမ်းမှာလိုက်ကာ ဖြုတ်လက်စ အဟောင်းကိုမူ ချထားပြီးနောက်၊ ဝမ်ကျားနင်၏ အိပ်ခန်းဆီသို့ လျှောက်သွားဖြစ်သည်။ လုကျင်းလန် အခန်းတံခါးဝမှ ရပ်ကြည့်လိုက်တော့ ဝမ်ကျားနင်တစ်ယောက် ကုတင်စွန်းမှာထိုင်ရင်း ငူငူငိုင်ငိုင်ဖြစ်နေတာ တွေ့ရ၏။

“ ဘာတွေ တွေးနေတာလဲ ”

လုကျင်းလန် တန့်သွားရကာ မေးလိုက်သည်။

ဝမ်ကျားနင်က ခေါင်းခါရင်း

“ ဘာမှမဟုတ်ဘူး ”

တကယ်တော့ ဝမ်ကျားနင်က တစ်နေ့ သူ အသက်ကြီးလာသည့်အခါ တစ်ယောက်တည်း ဖြစ်နေမှာကို တွေးနေမိခြင်းပင်။ သူ နေမကောင်းဖြစ်နေလျှင်တောင် ဂရုစိုက်ပေးမည့်သူမရှိဘဲ တစ်ယောက်တည်း သေသွားရမည့်ပုံပေါ်သည်။ သူ ဝိန်ထင်းဟွမ်ကို သွားရှာလို့ရလောက်ပေမယ့် ထိုအချိန်လောက်ကျရင် ဝိန်ထင်းဟွမ်ကိုယ်တိုင်က အိုမင်းနေပြီဖြစ်ပြီး သူ့ကို ဂရုစိုက်ပေးနိုင်မှာ မဟုတ်တော့။ အစောပိုင်းကတည်းက သူ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာမှာ သွားနေရလောက်သည်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now