[ 69 ]

2.4K 325 3
                                    

Unicode

အပိုင်း - ၆၉

ထိုနေ့ ဝမ်းလင်ကို ခေါ်ပြီး လန်လုကိုသွားခဲ့သည့်နောက်ပိုင်း ဝမ်ကျားနင်တစ်ယောက် ရုပ်ရှင်ရိုက်ရင်း အလုပ်များနေသည့်အတွက် ဝမ်းလင်ကို ထပ်မတွေ့ဖြစ်ပေ။ သူ တစ်ခါတော့ ဖုန်းဆက်ကြည့်သေး၏။ ဝမ်းလင်က အဆင်ပြေသည်ဆိုပြီး သူ့ကို စိတ်မပူဖို့ ပြောခဲ့သည်။

တစ်ချိန်တည်းမှာပဲ ခေါ့ရှင်းဖန်လည်း ဆေးရုံက ဆင်းလာပြီ။

ဆေးရုံဆင်းမည့်နေ့တွင် ဝမ်ကျားနင် သူ့ကို ကားနှင့်သွားကြိုလိုက်သည်။

ခေါ့ရှင်းဖန်က ကားထဲဝင်ထိုင်သည်နှင့် စီးကရက်တစ်လိပ်ထုတ်ပြီး သောက်တော့၏။

ကားထဲ ဆေးလိပ်သောက်တာကို သဘောမကျကြောင်း ဝမ်ကျားနင်က ကားပြတင်းမှန်ချပြီး အသံတိတ်အမူအရာပြလိုက်‌သည့်တိုင် ခေါ့ရှင်းဖန်က အရေးကိုမစိုက်ပေ။

“ငါတို့ ဘယ်တော့ အိမ်ပြန်မှာလဲ”

“ဘယ်အချိန်ဖြစ်ဖြစ် ရတယ်”

ခေါ့ရှင်းဖန်က တစ်ခဏနှုတ်ဆိတ်သွားသည်။

“ဒါဆို တတ်နိုင်သမျှ မြန်မြန်သွားရအောင်၊ မနက်ဖြန် သွားကြမယ်”

ဝမ်ကျားနင် သူ့ကို ဖျတ်ခနဲ စွေကြည့်လိုက်ပြီး...

“ကျွန်တော် စီစဉ်လိုက်မယ်”

'Bitter Summer'ဇာတ်ကားအတွက် စတူဒီယိုထဲမှာ ရိုက်ကူးရသည့် scene များ ပြီးဆုံးလုပြီဖြစ်၍ နောက်ထပ် location shooting ကို ဝမ်ကျားနင် ပြင်ဆင်ရတော့မည်။ လတ်တလော လုကျင်းလန်က ခပ်နှေးနှေးပဲသွားနေကာ ရိုက်ကူးရေးနည်းလမ်းများကို မကြာမကြာဆိုသလို လေ့လာနေပြီး ယခင်ရိုက်ကူးချက်များနှင့် နှိုင်းယှဉ်၍ ပြန်သုံးသပ်နေတာဖြစ်သည်။

ဒီလိုအချိန်မှာမှ ခေါ့ရှင်းဖန်က မွေးရပ်မြေကို ပြန်ချင်သည်ဆိုလျှင် ဝမ်ကျားနင် အချိန်ဖဲ့ပေးလို့တော့ ရသည်။

သူ လုကျင်းလန်ကို ခွင့်ရက်ပေးဖို့ ပြောကြည့်သောအခါ မမျှော်လင့်ဘဲ ထိုသူက သူ့ကို လိုက်ပို့မည်ဟု ဆိုလာ၏။

သူ နည်းနည်း အံ့အားသင့်သွားရသည်။

“ခင်ဗျား အားတယ်ပေါ့”

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now