Unicode
အပိုင်း - ၉၀
နောက်တစ်နေ့မှာ ဝမ်ကျားနင် ဝမ်းလင်ကို သွားတွေ့ဖြစ်သည်။
ဝမ်းလင်က မနေ့ကနှင့်စာရင် သက်သာနေပုံရကာ ဆေးရုံကုတင်ပေါ် လှဲရင်း ဝမ်ကျားနင်နှင့် စကားပြောနေသည်။
ကျန်းယုံဖေး၏ concert အတွက် ဧည့်သည်တော်အနုပညာရှင်အဖြစ် ဘယ်ကနေ ဘယ်လို သဘောတူဖြစ်သွားတာလဲလို့ ဝမ်ကျားနင် မေးကြည့်တော့ ဝမ်းလင်က ပြောသည်မှာ
“သူ ငါ့ကို ဖိတ်ခဲ့လို့”
“အကြောင်းရင်းမရှိ?”
ဝမ်းလင်က နှုတ်ဆိတ်သွားပြီးနောက်
“ငါ အများကြီး မတွေးချင်ဘူး”
ဝမ်ကျားနင်လည်း ဘာပြောရမှန်း မသိတော့။
တစ်ခဏကြာတော့ ဝမ်းလင်က ဆိုပြန်၏။
“မင်းထင်သလို ဟုတ်ချင်မှဟုတ်မှာပါ”
ရုတ်တရက်ဆိုသလိုပဲ ဝမ်ကျားနင် စိတ်လှုပ်ခတ်သွားရပြီ။ လုကျင်းလန်က သူ့ကို စံထားလောက်စရာဟု ဆိုခဲ့သော်လည်း သူ့အမြင်မှာ ဝမ်းလင်ကမှ တကယ် စံထားလောက်သူပင်။
သူတို့နှစ်ဦး စကားပြောနေကြစဉ် လီရုန်ကို ဘယ်မှာမှ မတွေ့ရဘဲ ဝမ်းလင်အား ကြည့်ရှုပေးနေသည့် သူနာပြုဆရာမလေးကိုပဲ တွေ့ရသည်။
ဝမ်းလင်၏ မိဘတွေအကြောင်း မေးကြည့်တော့ ဝမ်းလင်က စိတ်ပူနေမှာစိုး၍ အသိမပေးထားဟု ဆိုသည်။ နောက်ပြီး သူ့မိဘတွေက နဂိုကတည်းက ဒီမြို့မှာနေတာမဟုတ်။ သူ ဒဏ်ရာရသည့်အကြောင်း ကြားလျှင် ချက်ချင်း အပြေးလိုက်လာကြမှာမို့ သူ မိဘတွေကို ပင်ပန်းအောင် မလုပ်ချင်။
“လီရုန်ကရော?”
ဝမ်ကျားနင် မေးကြည့်လိုက်သည်။
တစ်ခဏ အသံတိတ်သွားပြီးနောက် ဝမ်းလင်က....
“သူနဲ့ပတ်သက်ပြီး ဘာပြောရမလဲ မသိဘူး၊ သူ ဂရုစိုက်ပေးတဲ့အတွက်တော့ ငါ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် သူနဲ့ငါက မတူညီတဲ့ကမ္ဘာနှစ်ခုက လူတွေလိုပဲ..ဘယ်လိုမှ အပ်စပ်လို့မရဘူး၊ ငါတို့နှစ်ယောက် အတူရှိဖို့ မဖြစ်နိုင်ဘူး”
YOU ARE READING
ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]
Romance~ You are perfect with me ~ * Cover photo credit to original artist(Pinterest) Start Date - 12.3.2022 End Date - 24.4.2024