[ 78 ]

2.6K 354 7
                                    

Unicode

အပိုင်း - ၇၈

နောက်တစ်နေ့မနက် ဝမ်ကျားနင်နှင့် လုကျင်းလန်တို့ လန်လုကနေ ပြန်လာခဲ့ကြသည်။ ဇာတ်ကားကို အဆုံးသတ်ရိုက်ကူးဖို့အတွက် ရိုက်ကူးရေးအဖွဲ့ဆီ သွားရမည်ပင်။

ဒီတစ်ခါ ရိုက်ကူးရေးကို မြို့ထဲက တက္ကသိုလ်တစ်ခုမှာ ပြုလုပ်မည်။

တက္ကသိုလ်ဝင်းထဲ လူအသွားအလာ မပျက်၍ ရိုက်ကူးရေးကို နှောင့်နှေးစေသည်။ အဓိက အတားအဆီးကတော့ ဝမ်ကျားနင်ကြောင့်ပင်။ သူက campus မှာ အတော်လေး နာမည်ကြီးနေပြီး သတင်းရသွားသည့် ကျောင်းသူတစ်ဝက်လောက်က ရိုက်ကူးရေးကို လာကြည့်ကြကာ ဖုန်းတွေနှင့်လည်း ဓာတ်ပုံရိုက်နေကြပြီ။

ထို့နောက်မှာ လက်ထောက်ဒါရိုက်တာက လော်စပီကာအကြီးကြီးနှင့် ကျောင်းသားကျောင်းသူတွေ ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ်ဟု အော်ထုတ်လိုက်တော့မှ မသွားချင်သွားချင် ထွက်သွားကြသဖြင့် ရိုက်ကူးရေးနေရာမှာ ရှင်းလင်းသွားတော့သည်။

လုကျင်းလန်လည်း နာမည်ကြီးဖြစ်သော်ငြား ယခု သူ့ပုံစံက ပိုပြီး တည်နေသည်။ နားချိန်များ၌ ဝမ်ကျားနင်ဆီ ဓာတ်ပုံတွဲရိုက်ဖို့လာသည့် လူငယ်လေးတွေ အများကြီးရှိသော်လည်း လုကျင်းလန်ကို လာရှာသူ နည်းလှ၏။

လက်မှတ်လာတောင်းသူတစ်ယောက်စ နှစ်ယောက်စသည်လည်း လုကျင်းလန်ကို အနှောင့်အယှက်ပေးမိမှာစိုးသည့်အလား စိတ်လှုပ်ရှားနေကြလျက်။

ဝမ်ကျားနင်က ခပ်ပွပွ အရောင်ဖျော့ဖျော့ တီရှပ်ကို ဝတ်ဆင်ထားပြီး ကျောပိုးအိတ်လည်း လွယ်ထားသည်။ ချော‌မွတ်သော နဖူးပြင်ပေါ်မှာ ဆံစတွေလည်း ချထားလျက် တက္ကသိုလ်ဝန်းထဲသို့ ဝင်သွားသောအခါ ချောမောသောလူငယ်လေးဟု ခံစားရ၏။

ဒီဇာတ်ဝင်ခန်းကမှ ဇာတ်ကား၏ အစ။

အတန်းပြီးနောက် သူ ကျောင်းဝန်းထဲမှာ လမ်းလျှောက်နေစဉ် ရုတ်တရက် ဖုန်းမြည်လာခဲ့သည်။ သူ့အမေဆက်တာ ဖြစ်ပြီး သူမ နောက်အိမ်ထောင်ပြုတော့မည့်အကြောင်း အသိပေးတာပင်။

ဝမ်ကျားနင် နေရာမှာတင် ခြေစုံရပ်မိသွားကာ ဖုန်းကိုင်ထားလျက်ပင် သူ့မျက်ဝန်းများက ဦးတည်ရာမဲ့ ရွေ့လျားကုန်သည်။ ကြားလိုက်ရသောသတင်းကြောင့် ဘာလုပ်ရမှန်း မသိတော့ပုံနှင့်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now