[ 94 ]

2K 304 4
                                    

Unicode

အပိုင်း - ၉၄

ချန်းဇယ်ကျွင်းသည် သက်လတ်ပိုင်းအရွယ် ရဲတစ်ယောက်ဖြစ်ပြီး ကိုယ့်ဘဝကိုယ် မကျေနပ်နိုင်သူဖြစ်သည်။ ဒီအသက်အရွယ်ထိတောင် သူဟာ သာမန်ရဲတစ်ယောက်ပဲ ဖြစ်နေသေး၏။ သူ့မှာ ဘာတက်လမ်းမှ မရှိတာမို့ မိန်းမဖြစ်သူက စိတ်ကုန်သွားကာ ကွာရှင်းခဲ့ခြင်းပင်။ သူတို့၏ တစ်ဦးတည်းသောသမီးလေးကိုလည်း ပစ်ထားခဲ့ရာ ချန်းဇယ်ကျွင်းသည် သမီးလေးနှင့် စကားပြောဆိုဆက်သွယ်တာမျိုး မလုပ်နိုင်သည့်တိုင် သူ့သွေးသားက သွေးသားပဲဖြစ်သည်။

ဆယ်ကျော်သက်လေးလို တမင်တကာ သရုပ်ဆောင်ရ‌သော ဝမ်ကျားနင်နှင့်မတူဘဲ လုကျင်းလန် သရုပ်ဆောင်ရသော ချန်းဇယ်ကျွင်းဇာတ်ကောင်က သူ့အသက်ထက် ဘယ်လောက်မှ မငယ်တာမို့ ဤဇာတ်ရုပ်အတွက် အဝတ်အစားတွေ မိတ်ကပ်တွေ အထူးတလည်ပြင်ဆင်စရာမလိုဘဲ နှုတ်ခမ်း‌မွေးတပ်ပေးလိုက်ရုံနှင့် လုံလောက်သွားချေသည်။

ညဘက်ရောက်တော့ ဝမ်ကျားနင်နှင့် လုကျင်းလန်တို့ အတူနေသောအခါ ဝမ်ကျားနင်က မမျှော်လင့်ဘဲ လုကျင်းလန်၏ ထိုနှုတ်ခမ်းမွေးကို sexy ကျသလို ခံစားသွားရသည်။ အဝတ်မဲ့သော ကျောပြင်ကို လုကျင်းလန်က နှုတ်ခမ်းတွေနှင့် အထပ်ထပ် ပွတ်တိုက်နမ်းရှိုက်နေလေရာ ချောမွတ်သော အရေပြားထက်၌ ခပ်စူးစူးနှင့် ယားကျိကျိနိုင်သော အထိအတွေ့ကို ဝမ်ကျားနင် ခံစားရ၏။ အောက်တွင် ခုထားသော ခေါင်းအုံးထက်မှလက်များကို ခပ်တင်းတင်းဆုပ်ထားလိုက်ကာ ဝမ်ကျားနင် ပင့်သက်ရှိုက်ရင်း တဟားဟားရယ်မိတော့သည်။

ဘာတွေ ရယ်နေတာလဲလို့ လုကျင်းလန်က မေးလေပြီ။

ဝမ်ကျားနင် ပြောလိုက်သည်။

“တစ်မျိုးပဲ၊ တခြားလူတစ်ယောက်လို ခံစားရတယ်”

လုကျင်းလန်က ရပ်တန့်သွားပြီးနောက် ရုတ်တရက် မေးလေ၏။

“ကိုယ် ဒီလိုရုပ်ဖျက်ထားတာကို မင်း ကြိုက်တယ်လား”

ဝမ်ကျားနင် ပြန်မဖြေရသေးခင် လုကျင်းလန်က သူ့ပါးစပ်ကို လက်နှင့် အုပ်လိုက်ကာ ကျန်လက်တစ်ဖက်ဖြင့် မျက်လုံးကိုပါ အဝတ်စည်းထားသကဲ့သို့ အုပ်လိုက်ပြီးနောက် ခေါင်းမော့၍ ဝမ်ကျားနင်၏ပခုံးကို အားနှင့် ကိုက်လိုက်တော့သည်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Donde viven las historias. Descúbrelo ahora